စပါး - အာဆင်နယ်
Super Sunday ည (၇:၃၀)နာရီ
စပါးရဲ့ အကောင်းဆုံးအချိန်တွေက ပြီးသွားခဲ့ပါပြီ။ ဒီရာသီအစအချိန်တွေက အကောင်းဆုံးအချိန်တွေဖြစ်ပြီး အချိန်တန်ရင် စပါးက စပါးပြန်ဖြစ်သွားတာပါပဲ။ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရင်ပဲ စပါးအတွက်အောင်မြင်တယ်လို့ ပြောရပါလိမ့်မယ်။ အာဆင်နယ်ကို လက်ရှိမှာ စပါးယှဥ်ဖို့ဆိုတာမလွယ်ကူပေမယ့် အာဆင်နယ်ကို အိမ်ကွင်းမှာကစားရရင် ရလဒ်ကောင်းလေ့ရှိတာ ၊ အာဆင်နယ်ဆိုတာနဲ့ မုန်းတဲ့စိတ်ရှိတာ ၊ အာဆင်နယ် ရဲ့ ချန်ပီယံအိပ်မက်ကို တားဆီးချင်တာ ဒီအရာတွေကတော့ ဒီပွဲမှာ စပါးအသင်းဘက်မှာရှိနေတဲ့ အရာတွေပဲဖြစ်ပါတယ်။
အာဆင်နယ် ဗီလာကို ရှုံးသွားခဲ့တာ ပေးဆပ်မှုကြီးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဝုလ်ဗ် နဲ့ ချယ်လ်ဆီး တို့ပွဲတွေမှာ အကောင်းဆုံးပြန်လာနိုင်ခဲ့လို့ပါ။ ဒီတော့ ဗီလာနဲ့ပွဲက ခြေချော်မှုက မတန်သလိုကြီးဖြစ်ခဲ့ရပါတယ်။ ပွဲကျပ်ကာလမှ အခုလောက်ထိ ချန်ပီယံဖြစ်ချင်စိတ်အပြည့်နဲ့ ကြိုးစားနေတဲ့ အာဆင်နယ် ကို ချီးကျူးရမှာဖြစ်ပြီး ဒီစိတ်ကြောင့်ပဲ အာဆင်နယ်က ဒီလောက်ထိကောင်းနေခဲ့တာပါ။ လက်ရှိ အာဆင်နယ် က တစ်ပွဲနိုင်လိုက်တာနဲ့ ချန်ပီယံဆုနဲ့ ပိုနီးကပ်သလို ဖြစ်သွားတယ်လို့ ခံစားရပါတယ်။ ထရော့ဆဒ် နဲ့ ဟာဗက်ဇ် သာ ဂိုးသွင်းခြေတွေ့ရင် ဒီပွဲက အာဆင်နယ် ရဲ့ပွဲပါပဲ။
ဒီပွဲရဲ့ ဂိုးရလဒ်ခန့်မှန်းချက်မှာတော့ အဝေးကွင်းဖြစ်နေပေမယ့် အာဆင်နယ် ကိုပဲကြိုက်ပါတယ်။ အာဆင်နယ် နိုင်တယ်။ (၁-၂)လို့ ခန့်မှန်းပါတယ်။
စပါးအသင်း ချန်ပီယံဖြစ်မဖြစ်ကို ထပ်စမ်းသပ်ရမယ့်ပွဲ ဖြစ်ပါတယ်။
Read Moreအငှားစာချုပ်ကတော့ လာမယ့်ဇွန်လအထိ ဖြစ်ပါတယ်။
Read Moreအခုဆို ဒေါ့ဘွတ်ခ် အက်သလက်တီကို ကို ရောက်ရှိိဖို့ တော်တော်လေးနီးစပ်နေ ပြီဖြစ်ပါတယ်။
Read Moreဒီရာသီအစမှာလည်း အလွန်ဆို ရဲ့ လေဗာကူဆင်အသင်းဟာ အဖွင့်တော်တော်လှနေပါတယ်။
Read Moreစပါး နဲ့ အာဆင်နယ် က တန်းတစ်ခုကွာပါတယ်။ ဒီတော့ စပါး ဘယ်လိုပဲ ကြိုးစား ကြိုးစား အာဆင်နယ် ကို အရှုံးပေးလိုက်ရတာပါပဲ။
Read More