ဆီဗီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရာမို့စ်
---------------------------------------
နာမည်ကျော်ဝါရင့်နောက်ခံလူ ရာမို့စ် ဟာ အသင်းဟောင်း ဆီဗီလာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရာမို့စ် ဆိုပြီးဖြစ်လာအောင် ဆီဗီလာအသင်းဟာ အရောင်တင်ပေးခဲ့တာကြောင့် ရာမို့စ် တစ်ယောက် အိမ်ပြန်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။
ဆီဗီလာအသင်းကနေ ထွက်ခွာအပြီး (၁၈)နှစ်အကြာမှာ ဆီဗီလာအသင်းကို ရာမို့စ် ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ရီးယဲလ် ကနေ PSG ကိုပြောင်းကစားခဲ့ပြီး PSG ကနေ ထွက်ခဲ့တဲ့ အချိန်အရောက်မှာ ရာမို့စ် ရဲ့ အနာဂတ်ဟာ ဘယ်ကိုရောက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
ရာမို့စ် ရခဲ့တဲ့ ကမ်းလှမ်းမှုတွေက ဆော်ဒီ ဘက်က ဖြစ်ပြီး (၃၇)နှစ်အရွယ် ကစားသမားတစ်ဦးအတွက် မြင့်မားတဲ့ လုပ်ခလစာတွေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရာမို့စ် က အိမ်ပြန်ဖို့သာ ဆုံးဖြတ်ခဲ့ပြီး ဆီဗီလာအသင်းကို ရွေးချယ်ခဲ့ပါတယ်။
" ထူးခြားတဲ့ နေ့တစ်နေ့ပါ။ အိမ်ပြန်ရောက်တယ်ဆိုတာ အမြဲတမ်း ပျော်ရွှင်စရာပါ " လို့ ပြောကြားခဲ့တဲ့ ရာမို့စ် ဟာ ဆီဗီလာအသင်းနဲ့ (၁)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ထဲမှာ (၁)နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဘယ်လင်ဂမ် လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားလို့သာ ရီးယဲလ် က ဘာစီလိုနာကို နိုင်ခဲ့တာဖြစ်ပါတယ်။
Read Moreအချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။
Read Moreချန်ပီယံဖြစ်လို့ နှုတ်ဆက်နေချိန်နဲ့ အောင်ပွဲခံနေချိန်တွေမှာလည်း ရူဘီအာလက်စ် ရဲ့ အသင်းသားတွေအပေါ်အပြုအမူတွေက လိုတာထက်ပိုခဲ့ပါတယ်။
Read Moreဒုတိယပိုင်း မိနစ်(၇၀)မှာတော့ ဟွိုင်းလွန် ကို ဆန်းချက်ဇ် ဆွဲလှဲခဲ့လို့ မန်ယူ ပယ်နယ်တီရခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပါတယ်။ မန်ယူရဲ့ အပျော်က သိပ်မခံလ...
Read Moreဆုဖလား (၂)လုံးကို အချိန်တိုအတွင်းလက်လွှတ်လိုက်တယ်လို့ ပြောခံရပါလိမ့်မယ်။
Read More