လီဗာပူးလ်ကို အကောင်းဆုံးကစားပြီး အနိုင်ယူခဲ့တဲ့ အာဆင်နယ်
---------------------------------
အာဆင်နယ် ၃ - ၁ လီဗာပူးလ်
အာဆင်နယ် ဒီပွဲဘာလို့နိုင်လဲဆိုပြီး မေးခွန်းထုတ်ရင် စိတ်ဓာတ်ကြောင့်ပဲလို့ ဖြေချင်ပါတယ်။ လီဗာပူးလ်အမှားလုပ်တာတွေလည်း တစ်ပိုင်းဆိုပေမယ့် အာဆင်နယ် က ငါတို့ နိုင်ကိုနိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်ထားပြီး ကစားသွားခဲ့တာပါ။ ဒီအချက်က ဒီနိုင်ပွဲအတွက် အဓိကပါပဲ။
ဒီပွဲမှာ အာဆင်နယ်က အိုဒီဂတ် ၊ မာတင်နယ်လီ ၊ ဒီကလန်ရိုက်စ် တို့ စွမ်းဆောင်ရည်အရမ်းကောင်းပါတယ်။ ဒီကစားသမား (၃)ယောက်ရဲ့အားက လီဗာပူးလ်အသင်းကို ပုံမှန်အောက်ရောက်သွားစေခဲ့တယ်။ လီဗာပူးလ်အသင်းရဲ့ ပထမဆုံးအားနည်းချက်ကတော့ အလုပ်လုံးဝမဖြစ်ခဲ့တဲ့ ဂတ်ပို ၊ ဒီယက်ဇ် ၊ ဂျိုတာ တိုက်စစ်အတွဲပါပဲ။ ကွင်းလယ်မှာလည်း မက်အယ်လစ္စတာ တစ်ယောက်တည်းနဲ့ အာဆင်နယ်ကို ခံကန်နေခဲ့ရတာပါ။
ဒီလိုနဲ့ ပွဲချိန်(၁၄)မိနစ်မှာ အာဆင်နယ် ဂိုးစရပါတယ်။ ဒီဂိုးက ဗန်ဒိုက်ရဲ့ မလိုအပ်ပဲ ကွင်းလယ်တစ်ထောက်နေတာကနေ ခံစစ်မှာ ဟာကွက်ကြီးဖြစ်သွားပြီး အိုဒီဂတ် ခင်းပေးတဲ့ဘောလုံးကို ဟာဗက်ဇ် ကန်ချက် ဂိုးသမားပုတ်လို့ ပြန်ထွက်လာတာကို ဆာကာ က အပိုင်ကန်သွင်းယူခဲ့တာပါ။ အာဆင်နယ် ခြေစွမ်းလည်းသာ ဂိုးလည်းသာနေလို့ အေးဆေးမယ်ထင်ပေမယ့် မအေးဆေးခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီး ပွဲချိန်(၄၅+၃)မိနစ်မှာ ဆလီဘာ နဲ့ ဂိုးသမား ရာယာ တို့ နားလည်မှုအလွဲကနေ ဂါဘရီယယ်လ် ကိုယ့်ဂိုးကိုယ်သွင်းမိလို့ တစ်ဖက်တစ်ဂိုးစီဖြစ်သွားခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ လီဗာပူးလ်ကစားပုံကောင်းလို့ အာဆင်နယ် တော်တော်လေးတောင့်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် ပွဲချိန်(၆၇)မိနစ်မှာ အပြောင်းအလဲစဖြစ်ပါတော့တယ်။ ဒါကတော့ ဗန်ဒိုက် နဲ့ ဂိုးသမားအယ်လီဆန် တို့ရဲ့ အမှားကနေ မာတင်နယ်လီ က လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်ရခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာပါပဲ။ လီဗာပူးလ်ဘက်က ကိုနာတေးလည်း ပွဲချိန်(၈၈)မိနစ်မှာ အထုတ်ခံခဲ့ရတော့ ပွဲက ပြီးသွားခဲ့ပါတော့တယ်။ အာဆင်နယ်အတွက် ပြတ်သားတဲ့ အနိုင်ရလဒ်ကိုတော့ ဂိုးလာဘ်ရှိတဲ့ ထရော့ဆဒ် က ပွဲချိန်(၉၂)မိနစ်မှာ ဆောင်ကျဥ်းပေးခဲ့တာဖြစ်ပြီး ဒီဂိုးမှာလည်း အယ်လီဆန် က ပေါ့ဆလွန်းခဲ့ပါတယ်။
အာဆင်နယ်ရဲ့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ကတော့ ပိုစိတ်ဝင်စားဖို့ကောင်းသွားခဲ့ပါပြီ။ လီဗာပူးလ် ၊ အာဆင်နယ် ၊ မန်စီးတီးအသင်းတွေက ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်ကိုယ်စီနဲ့ ဖြစ်ကြပါတယ်။
ဒီလိုမျိုးမရှိသလောက်ကို ဖြစ်နေတဲ့အထဲမှာတော့ မာတီနက်ဇ် ကိုထည့်ကြရပါလိမ့်မယ်။
Read Moreပုံမှန်အတိုင်းသာဆို အိမ်ရှင်က စီးပြီးကစားရမှာဖြစ်ပေမယ့် ပထမအကျော့ရလဒ်ကို ထိန်းချင်စိတ်ကသာများနေခဲ့ပါတယ်။
Read Moreမန်စီးတီး ခြေနည်းနည်းကျနေချိန်မှာတောင် အိမ်ကွင်းမှာ မန်ယူက ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ဘူး။
Read Moreကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။
Read More" VAR လွှမ်းမိုးသော နေ့ရက်များ "
Read More