ဖိအားတွေများနေတဲ့ မန်စီးတီး
----------------------------
လက်ရှိမှာ မန်စီးတီးအသင်း ဖိအားတွေများနေပြီး ရုန်းကန်နေရပါတယ်။ အခုဆို အမှတ်ပေးဇယား အဆင့်(၄)နေရာကိုရောက်နေပြီး အဆင့်(၁)နေရာက အာဆင်နယ်နဲ့(၅)မှတ်ကွာသွားပါပြီ။ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာလည်း မန်စီးတီးက (၁)ပွဲပဲနိုင်ထားတာပါ။
မန်စီးတီးအသင်း ချယ်လ်ဆီး ၊ လီဗာပူးလ် ၊ စပါးတို့ကို နိုင်သင့်ရဲ့သားနဲ့ သရေကျခဲ့တာကို ပွဲကျပ် ပွဲဆက်တွေများနေလို့ဆိုပြီး နားလည်ပေးလို့ရပေမယ့်အဲဒီနောက်ပိုင်းကစားခဲ့တဲ့ ဗီလာ ၊ လူတန် ၊ ပဲလေ့စ် တို့နဲ့ပွဲတွေမှာ လိုအပ်ချက်တွေများခဲ့ပါတယ်။
ဗီလာနဲ့ ပွဲမှာလည်း ဂိုးကန်သွင်းခွင့် (၂)ကြိမ်သာ ရခဲ့သလို လူတန်ကိုလည်း မနည်းနိုင်အောင်ကစားခဲ့ရပြီး ပဲလေ့စ်ကိုဆို (၂)ဂိုးသွင်းပြီးမှ အိမ်ကွင်းမှာ(၂)ဂိုးပြန်ပေးခဲ့ရတာပါ။ နည်းပြဂွါဒီယိုလာ ဖိအားတွေများနေပြီး အဖြေရှာပေးရမယ့် ပုစ္ဆာတွေလို့ပြောရပါလိမ့်မယ်။ မန်စီးတီး က မန်စီးတီး ပြန်ဖြစ်ဖို့လိုနေပြီး နိုင်ပွဲတွေ မဖြစ်မနေပြန်ရှာရပါတော့မယ်။
ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့တာပါ။
Read More" ပရီးမီးယားလိဂ် ဟုခေါ်သည် "
Read Moreလက်ရှိမန်ယူဟာ မနှစ်က မန်ယူကိုတောင် မမီသေးပါဘူး။
Read Moreဂျေးဆု မကြာခဏဒဏ်ရာရမနေဖို့ဖြစ်ပြီး မဟုတ်ရင် ကျဥ်းထဲကျပ်ထဲရောက်ချိန်မှာ အခက်အခဲအများကြီးဖြစ်လာနိုင်ပါတယ်။
Read Moreနဂိုတည်းက အရည်အချင်းရှိတဲ့သူမို့လို့ ဂီတာဖေး မှာအစွမ်းပြနေတာ ဘာမှတော့မဆန်းပါဘူး။
Read More