လီဗာပူးလ် - မန်စီးတီး
Super Sunday ည (၁၀:၁၅) နာရီ
လီဗာပူးလ် က တည်ငြိမ်လွန်းတဲ့အသင်း ၊ ရလဒ်ကောင်းရဖို့ ဘယ်လိုကစားရမလဲကို ကောင်းကောင်းကြီး သိနေတဲ့အသင်းလို့သာပြောရမှာပါ။ ဘာလို့လဲဆိုတော့ အာရှ ၊ အာဖရိကဖလားတွေက အဓိက ကစားသမားတွေစေလွှတ်တဲ့အချိန်နဲ့ ဒဏ်ရာတွေကြောင့် လူငယ်တွေအားကိုးနေရချိန်တွေမှာ ရလဒ်ကျသွားမယ် ထင်ခဲ့ကြပေမယ့် ရလဒ်ပိုင်းလုံးဝမကျသွားလို့ပါပဲ။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲအနည်းဆုံးအသင်းဖြစ်သလို ပြိုင်ပွဲစုံနောက်ဆုံး (၁၉)ပွဲမှာလည်း (၁)ပွဲသာရှုံးထားပါတယ်။ လီဗာပူးလ် ရှုံးပွဲကြုံဖို့ ပြိုင်ဘက်က တော်တော်ကောင်းနေမှဖြစ်မှာပါ။ ပြီးတော့ လီဗာပူးလ် မှာ ကံတရားကောင်းတွေလည်းရှိပါတယ်။ လူလည်းပြန်စုံလာပြီ ဖြစ်လို့ လီဗာပူးလ် က ပိုကောင်းဖို့ပဲရှိပါတယ်။
မန်စီးတီး က မန်စီးတီးပါပဲ။ လူစုံစုံ မစုံစုံ အကောင်းဆုံးမှာရှိနေတာပါ။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းလို့လည်း ပြောလို့ရပါတယ်။ ဒီဘရိုင်းနား ၊ ဖိုဒန် ၊ ရိုဒရီ တို့ကတော့ မန်စီးတီးရဲ့ အသက်ပါပဲ။ မန်စီးတီးကလည်း ရှုံးပွဲကြုံဖို့ ခက်တဲ့အသင်းဖြစ်ပြီး ရှုံးပွဲမရှိတာ (၃)လလောက် ကြာသွားပါပြီ။ အခုနောက်ပိုင်း မြင်လာရတဲ့ အားနည်းချက်ကတော့ ခံစစ်တန်းက ရှေ့တက်လွန်းတာဖြစ်ပြီး လီဗာပူးလ်နဲ့ ပွဲမှာ ဒီလိုဆက်ဖြစ်ဦးမယ်ဆိုရင်တော့ ရလဒ်ကောင်းရဖို့ ခက်နိုင်ပါတယ်။
အသင်းကောင်း (၂)သင်းဖြစ်သလို ရှုံးဖို့လည်း မလွယ်ကြတဲ့ အသင်းတွေပါ။ သရေရလဒ်ကသာ (၂)သင်းလုံးအတွက် မျှတမယ်ထင်ပါတယ်။ (၁-၁)ဆိုတဲ့ ရလဒ်မျိုး ဖြစ်နိုင်ပါတယ်။
လက်ရှိမှာ အာဆင်နယ်က ရမှတ် (၃၉)မှတ် ၊ လီဗာပူးလ် က ရမှတ် (၃၈)မှတ်ပါ။
Read Moreဆန်ချို က မတောင်းပန်တော့ အသင်းမှာ မသုံးတော့တာ ဘာမှမဆန်းပါဘူး။
Read Moreဒီတစ်ကြိမ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်း အတွက် ယူရိုသန်း(၁၀၀)တန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာပါ။
Read Moreပွဲကျပ်ကာလမှ အခုလောက်ထိ ချန်ပီယံဖြစ်ချင်စိတ်အပြည့်နဲ့ ကြိုးစားနေတဲ့ အာဆင်နယ် ကို ချီးကျူးရမှာပါ။
Read Moreပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
Read More