ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၈)

Published 6 months ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၈)

" အမြတ်ထွက်တာ အာဆင်နယ် "

 ပယ်နယ်တီ (၂)ဂိုးကြောင့်ပွဲကလွယ်ခဲ့တယ်ဆိုပေမယ့် ပေးကိုပေးရမယ့် ပယ်နယ်တီတွေဖြစ်တယ်။ပယ်နယ်တီ (၂)ကြိမ်ဆိုတော့ နောက်ထပ်ရသင့်တဲ့ ပယ်နယ်တီတွေ လျစ်လျူရှူခံရတာကလည်း ဘာမှတော့မဆန်းပါဘူး။ ဖာနန်ဒက်စ် ကတော့ ပယ်နယ်ဒက်စ်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင်ပဲ မန်ယူအသင်း သမိုင်းတစ်လျှောက်ပယ်နယ်တီသွင်းဂိုးအများဆုံး(၂၉ ဂိုး)ဆိုတဲ့ မှတ်တမ်းကိုရခဲ့တယ်။ 

ဘယ်သူတွေ ဘာလုပ်လုပ် ကိုယ့်အလုပ်ကို ပြီးမြောက်အောင်လုပ်တာကသာ အကောင်းဆုံးပါပဲ။ ဒီတော့ အာဆင်နယ် သွားနေတဲ့ လမ်းကြောင်းကိုကြိုက်ပါတယ်။ လုပ်စရာရှိတာ လုပ်တယ်။ဒီတော့ အချိန်တန်တော့ အပေါ်ရောက်သွားတယ်။ ရာသီကုန်မှာ ဆုဖလား ရမလားမရဘူးလားဆိုတာ ဘာမှန်းမသိပေမယ့်အာဆင်နယ် ရဲ့ အခြေအနေက ကျေနပ်စရာကောင်းပါတယ်။ ဟာဗက်ဇ် ကတော့လိုနေချိန်တိုင်းပေါ်လာခဲ့သူပေါ့။ 

စပါးက အများကြီးမမျှော်လင့်ဘူး။ချန်ပီယံလိဂ်ဝင်ခွင့်ရရင်တော်ပြီ။ ဒီဆန္ဒနဲ့ပဲ ရှေ့ဆက်နေတယ်။ ခရီးလည်းရောက်တယ်။ အနီးဆုံးပြိုင်ဘက် ဗီလာကို (၀-၄)နဲ့အနိုင်ယူတယ်။ ဗီလာက ရှေ့ဆက်ခြေချော်နိုင်တယ်။ စပါး ဖြစ်ချင်တာဖြစ်သွားနိုင်ပါတယ်။ 

မန်စီးတီးကို အသာစီးကစားတဲ့အသင်းဆိုတာ မရှိသလောက်ရှားပါတယ်။ လီဗာပူးလ်ကတော့ အသာစီးကစားသွားတယ်။ မန်စီးတီးက သရေရဖို့တောင် ခံကစားသွားရတယ်။ မထင်မှတ်ထားတဲ့ အရာတစ်ခုပါပဲ။ ဒီ (၂)သင်းရဲ့သရေရလဒ်မှာ အမြတ်ထွက်တာကတော့အာဆင်နယ် ပေါ့။ ပရီးမီးယားလိဂ်ကပိုစိတ်ဝင်စားဖို့ကောင်းလာတယ်ဆိုတာနဲ့တင် ကျေနပ်စရာလည်းဖြစ်ခဲ့ရတယ်။

ဗာရန်း ကို ထွက်ခွင့်မပေးတဲ့ မန်ယူ

ဗာရန်း ကို ဇန်နဝါရီမှာ မန်ယူအသင်းက ပေးထွက်သွားမှာ မဟုတ်ပါဘူး။

Read More
PSG ကိုပြောင်းဖို့များနေတဲ့ အိုဆီမန်

PSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။

Read More
ခြေစွမ်းမှန်ပြန်ရလာတဲ့ ဟာဗက်ဇ်

ချယ်လ်ဆီးကနေ အာဆင်နယ် အပြောင်းမှာ အဆင်ပြေဖို့တော်တော်လေး ခက်ခဲခဲ့ပါတယ်။

Read More
မန်ယူအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဂရင်းဝုဒ်

ကာလအတန်ကြာ အဖြေမထွက်ဖြစ်နေတဲ့ ဂရင်းဝုဒ် ရဲ့ ဇာတ်လမ်းက အဖြေထွက်သွားခဲ့တာပါပဲ။

Read More
မာတီနက်ဇ် ဆို အင်တာပါပဲ

ဒီလိုမျိုးမရှိသလောက်ကို ​ဖြစ်နေတဲ့အထဲမှာတော့ မာတီနက်ဇ် ကိုထည့်ကြရပါလိမ့်မယ်။

Read More