ပရီးမီးယားလိဂ် ဒိုင်ယာရီ (၄)
" VAR မျဥ်းတစ်ကြောင်းကြောင့် ကွဲအက်သွားခဲ့တဲ့ အသည်းတွေ "
⚽⚽⚽⚽
⚽ မျှော်လင့်မထားပေမယ့် မမျှော်လင့်သလိုဖြစ်နေတာက စပါး။ စပါး က စပါး ပါပဲဆိုတာတွေလည်း ရှိခဲ့တာကိုး။ နည်းပြပိုစတီကိုဂလူးလက်ထက် စပါးက အရောင်တောက်ပါတယ်။ဘယ်အချိန် ဘာဖြစ်မယ်မှန်းမသိပေမယ့်(၄)ပွဲကစား (၁၀)မှတ်က ဂုဏ်ယူစရာပါ။လက်ခုပ်တီးရမယ့် အချိန်မှာတော့ လက်ခုပ်တီးပေးရပါလိမ့်မယ်။
⚽ ချယ်လ်ဆီး ရဲ့မပြီးသေးသော ပန်းချီကားများ ဒီနှစ်ထိဆက်မယ်။ ငွေသုံးတိုင်းလည်း အောင်မြင်မှုမရပါဘူးဆိုတဲ့ ၂၀၀၃ ကာလလောက်က ပရီးမီးယားလိဂ် ဓာတ်ပြားဟောင်းကြီးကပဲ ပြန်မှန်နေသလိုလို။ ကိုရီးယားကားထဲက အတိုင်းဆို ပါးစပ်ဆယ်ပေါက်ရှိတောင်ပြောစရာ စကားမရှိတော့ပါဘူးလို့ ပြောကြရမလား။ပြိုင်ဘက်က နော်တင်ဟမ်။ ပြီးတော့ အိမ်ကွင်း။လေမိသွားတာတော့ အမှန်။
⚽ ဒါဟာ မန်စီးတီး ပဲလို့ ခေါင်းစဥ်တပ်မယ်။ဒုတိယခေါင်းစဥ် က ပရီးမီးယားလိဂ်ပွဲစဥ်(၄)မှာမန်စီးတီး ကို ပြန်လည်တွေ့ရှိခြင်းပေါ့။ ပြိုင်ဘက်က ဖူလ်ဟမ်ဆိုတော့ နိုင်ပွဲက ပိုမြောက်ပါတယ်။အကောင်းဆုံးဆုတွေ ယူအပြီးမှာ ဟာလန်းဟက်ထရစ်ဂိုးတွေ ကြဲချတယ်။ မန်စီးတီး က မန်စီးတီး ပဲ ဆိုတာကိုပြခဲ့တယ်။
⚽ တစ်ရာသီပဲ ပျောက်ကွယ်ခဲ့တဲ့ လီဗာပူးလ်ပြန်လာပြီ။ နယူးကာဆယ် ကို နိုင်တဲ့ပွဲဟာ ယုံကြည်မှု ပိုမြင့်တက်စေခဲ့တာတော့ အမှန်။အခု ဗီလာကို ထပ်အနိုင်ယူတယ်။ ပွဲကျပ်တွေမှာ အသံတိတ် ရမှတ်ပြည့်တွေနဲ့ အကောင်းဆုံးရှေ့ဆက်နေတဲ့ လီဗာပူးလ် ကို ဒီရာသီချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ယူဆတယ်။
⚽ ဂါနာချို လူကျွံတယ်တဲ့လား။ လိုသလို ဆွဲနေတဲ့မျဥ်းတွေရဲ့ နောက်မှာ ပျော်ရွှင်ဝမ်းနည်းနေတဲ့ ခံစားချက်တွေက မျိုးစုံ။ ဒီကလန်ရိုက်စ် ကန်တာကို တက်မကာတဲ့ အထိနိမ့်တဲ့ မက်ဂွိုင်းယား ရဲ့နောက်ခံလူ IQ ကလက်ဖျားခါစရာ။ ဂိုးသမားက ဂိုးလည်း ဖမ်းတတ်ရတယ်ဆိုတာ အိုနာနာ လည်းသိဖို့ကောင်းပြီ။ ပိုကောင်းတဲ့ အသင်းက နိုင်တာပါပဲ။ ဒီလို နိုင်ဖို့ အလှည့်အပြောင်းလေးတွေတော့ ဖြစ်ပေးရမှာပေါ့။ ဒါမှလည်း ပရီးမီးယားလိဂ်က ပရီးမီးယားလိဂ် ဆန်မှာလေ။
PSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။
Read Moreဂန်ဒိုဂန် ကို အလွယ်တကူ လက်လွှတ်ခဲ့တဲ့အကျိုးဆက်ကို မန်စီးတီး ခံစားနေရတယ်လို့ ပြောရမှာပါ။
Read Moreဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ဖာနန်ဒက်စ် ကို ဆော်ဒီဘက်ကနေ ကြီးမားတဲ့ ကမ်းလှမ်း မှုတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
Read Moreဆန်ချို က မတောင်းပန်တော့ အသင်းမှာ မသုံးတော့တာ ဘာမှမဆန်းပါဘူး။
Read Moreဆင်နယ်က ရမှတ်(၁၇)မှတ် ၊ မန်စီးတီး က ရမှတ်(၁၈)မှတ်ရရှိထားပြီး (၂)သင်းကြား ရမှတ် (၁)သာကွာနေပါတယ်။
Read More