ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၃)

Published 11 months ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၃) " မင်းသားတွေရှိခဲ့တဲ့ရက်သတ္တပတ် "

⚽⚽⚽⚽ 

⚽ နည်းစနစ်ပိုင်း အားပြိုင်တယ်ပြောပြော ၊ ပွဲအတွင်း ဘယ်လိုတွေ အပြောင်းအလဲလုပ်သွားတယ်ပြောပြော မန်စီးတီးအသာကြီးဆိုတာအထင်အရှားကြီးပါ။ လူစားလဲစရာ ၊ အပြောင်းအလဲလုပ်စရာလူမရှိလို့သာ ဖြစ်သွားတဲ့ သရေရလဒ်ပါပဲ။ မန်စီးတီးကတော့ မန်စီးတီးအတိုင်းသွားခဲ့တာပါ။ လီဗာပူးလ်ကတော့ ချန်ပီယံဖြစ်ချင်ရင်အခုထက်ပိုကောင်းဖို့လိုပါတယ်။ 

⚽ အထင်ကြီးတုန်းရှိသေး နယူးကာဆယ်ကို (၄-၁)ဆိုတော့ ချယ်လ်ဆီးက ချယ်လ်ဆီးပါပဲလားလို့ ရေရွတ်မိပြန်တယ်။ မျှော်လင့်ချက်တွေပိုလာတိုင်း အကြိမ်ကြိမ်ရိုက်ချိုးနေတာ ထုံးစံလိုတောင်ဖြစ်လာပြီ။ပွဲစဥ်(၁၃)အပြီး အဆင့်(၁၀)ဖြစ်နေတာကလည်း လွဲမှားမှုတစ်ခုပါပဲ။ချယ်လ်ဆီးကို အရင်လို အဆင့်အတန်းမျိုးမှာပြန်မြင်ချင်ပါတယ်။ 

⚽ မန်စီးတီးနဲ့ လီဗာပူးလ် သရေပွဲမှာ အမြတ်ထုတ်သွားတာက ဆင်ပျံကြီး အာဆင်နယ်။ အခုဆို ဘရန့်ဖို့ဒ်ကိုနိုင်ပြီး အဆင့်(၁)နေရာကိုတက်လှမ်းနိုင်ခဲ့ပြီ။ ဒီလိုမျိုး အဆင့်(၁)နေရာကိုရောက်ဖို့ ဂိုးသွင်းသွားတဲ့သူက ရုန်းကန်နေရတဲ့ ဟာဗက်ဇ် ဆိုတော့ အရာအားလုံးက ဇာတ်ညွန်းဆွဲထားသလိုမျိုးမင်းသားဆိုတာ ပေါ်ရတော့မယ့်အချိန်မှအလိုက်သင့်ပေါ်လာတယ်ဆိုတာမျိုးနဲ့လှလှပပ ဖန်တီးသွားခဲ့တယ်။ 

⚽ ဒဏ်ရာတွေများနေတာ အမှန်ဆိုပေမယ့် ခြေစွမ်းလည်းကျသွားတာကိုလက်ခံရမယ်။ နောက်တစ်ခုက ကံကောင်းမှုပေါ့။ ရာသီအစက ရခဲ့တဲ့ ဒီကံကောင်းမှုကလည်း အခုနောက်ပိုင်းပွဲတွေမှာ ပျောက်ဆုံးသွားတယ်။ ရလဒ်ကောင်းတွေနဲ့တော့ပြန်လာဦးမှာပါ။ ဒါပေမယ့် အချိန်တန်ရင်စပါးက စပါးပါပဲ ဆိုတာကလည်း အတိအကျကို မှန်နေတုန်းပါပဲ။ 

⚽ မန်ယူပွဲအပြီး ဆိုရှယ်မီဒီယာထက်မှာဂါနာချိူ ရဲ့သွင်းဂိုး သတင်းတွေက ဖုံးလွှမ်းလိုက်တယ်။ ရွန်နီ နဲ့ ယှဥ်လိုက်စီရော်နယ်လ်ဒို နဲ့ ယှဥ်လိုက်နဲ့ ကြည်နူးဖို့လည်းကောင်းပါတယ်။ ဂါနာချို ဂိုးသာ စောစောစီးစီးမဖြစ်ခဲ့ရင် မန်ယူအတွက် ဂိုးပြတ်နိုင်ပွဲရဖို့ ခက်ခဲသွားနိုင်တယ်။ ဂါနာချို က အစပြုပေးခဲ့ပြီး ဂါနာချို ကြောင့်အရာအားလုံးလွယ်ကူသွားခဲ့တယ်လို့လည်း ပြောလို့ရတယ်။ ဒီတစ်ပတ်မှာ ဟာဗက်ဇ်အပြီးနောက်ထပ် မင်းသား ကတော့ဂါနာချို ပေါ့။

မေဆန်မောင့် နားရမယ်

ရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။

Read More
ဂါလာတာစာရေး - မန်ယူ ပွဲကြိုသုံးသပ်ချက်

(၂)သင်းလုံးအတွက် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။

Read More
စပါးအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဗာနာ

ဗာနာ ဟာ စပါးအသင်းကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ရောက်လာခဲ့တာပါ။

Read More
ဂါလာတာစာရေး ကို ပြောင်းရွှေ့ခဲ့တဲ့ အီကာဒီ

ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။

Read More
အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့ အန်တိုနီ

မန်ယူအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားဖို့ ဖိအားတွေရှိနေပါတယ်။

Read More