ပရီးမီးယားလိဂ် ဒိုင်ယာရီ (၃)

Published 1 year ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၃)

" တနင်္ဂနွေည ကို ဖုံးလွှမ်းသွားတဲ့ ဒါဝင်နူးနက်ဇ် အသံတွေ "

ပြိုင်ဘက်က လူတန်တောင်းဆို ပျော်ရလား။ချယ်လ်ဆီးတွေတော့ ပျော်ခဲ့မှာပေါ့။ ဒါပေမယ့်အိမ်ကွင်းမှာဆို အသင်းကြီးဆန်နေတာကအပေါင်းလက္ခဏာပါ။ ဂျက်ဆင် ရဲ့ပထမဆုံးဂိုး ၊ပိုချက်တီနို ရဲ့ပထမဆုံးနိုင်ပွဲတွေက အပြာရောင်တွေအတွက် ရှေ့ဆက်ဖို့အားအင်ဖြစ်ခဲ့တယ်။ 

(၃)ပွဲကစား (၇)မှတ်က ကျေနပ်စရာပါ။ ဒါပေမယ့်တစ်ယောက်လျော့အသင်းကို အိမ်ကွင်းမှာချေပဂိုးပြန်ပေးလိုက်တာက မူမမှန်တဲ့ ရောဂါတစ်ခုလိုပဲ။ဒီဂိုးနဲ့အတူ လွင့်ပျောက်သွားတာက သူတို့အပေါ်မှာရှိနေတဲ့ ယုံကြည်မှု။ ဒီရာသီလည်း မနှစ်ကလိုဆိုဘာမှမထူးဆန်း။ 

Comeback ဆိုတာနဲ့ ဘေးမှာ မန်ယူဆိုပြီးခေါင်းစဥ်တပ်လိုက်ကြရုံ။ အနီကတ် နဲ့ ပယ်နယ်တီ ကြောင့် ဒိုင်ကူတယ်လို့ ပြောကြဦးမလား။ဘယ်ခြမ်းမှာကစားရတာနဲ့ (၃)ဂိုးလုံးမှာ ပါဝင်မှုရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ် ၊ ကွင်းလယ်တစ်ခုလုံး ဖာနန်ဒက်စ်လွှမ်းမိုးမှုနဲ့ အဲရစ်ဆင် ကြောင့် ငြိမ်လာတဲ့ ကစားပုံတွေက ဒီပွဲရဲ့အသက်။ နိုင်လို့ ပျော်ကြရပေမယ့် နောက်ပွဲတွေအတွက်တော့ ရင်တုန်နေရတုန်း။ 

ရိုဒရီ ကို ပိုင်ဆိုင်ထားတာ မန်စီးတီးအတွက်ကံကောင်းခြင်းပဲ။ ခက်ခဲနေချိန် ၊ ကျဥ်းထဲကျပ်ထဲရောက်နေချိန်တွေဆို ပေါ်လာခဲ့ပြီ။ မန်စီးတီးက နိုင်ပွဲတစ်ပွဲရဖို့ အရင်ကထက်ပိုကြိုးစားနေရချိန်မှာ ရိုဒရီ ကတော့ ရိုဒရီ ဖြစ်ပေးနေတုန်း။ ဒီလိုလူမျိုးရထားတာ မန်စီးတီးအတွက် ကံကောင်းမှုတစ်ခု။ 

ဒါဝင်နူးနက်ဇ် အသံတွေက တနင်္ဂနွေညကိုဖုံးလွှမ်းသွားတယ်။ (၁၅)မိနစ်ကျော်လောက်လေးကစားရချိန်မှာ (၂)ဂိုးသွင်းပေးခဲ့တဲ့ လာဘ်ကောင်လေး။ လေတိုက်သံတွေကို ငြိမ်သက်စေခဲ့သူ။ ငါတို့ဟာ လီဗာပူးလ် ဖြစ်တယ်ဆိုတဲ့ ကြုံးဝါးခွင့်ကိုပြန်ပေးခဲ့သူ။ နောက်ပွဲတွေ ပွဲထွက်စာရင်းမှာ ပြန်သုံးဖို့ ကလော့အတွက်အချက်ပေးခေါင်းလောင်းသံ။

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဒီဂတ်

စာချုပ်သစ်အရ အိုဒီဂတ် ဟာ အာဆင်နယ် မှာ (၂၀၂၈)ခုနှစ်ထိ ဆက်ရှိပါလိမ့်မယ်။

Read More
El Clasico မှာ ဘယ်လင်ဂမ် ကို စောင့်ကြည့်ရမယ်

ဘယ်လင်ဂမ် ကို ကြည့်ရတာ ဇီဒန်းနဲ့ ကာကာ ပေါင်းစပ်ထားသလိုပါပဲ။

Read More
ဂါနာချို က လူမကျွံပါဘူး - တန်ဟက်

ဟွိုင်းလွန် ကို ပယ်နယ်တီ ဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကိုလည်း ပယ်နယ်တီပါလို့ ထပ်ပြောခဲ့ပါတယ်။

Read More
PSG ကိုပြောင်းဖို့များနေတဲ့ အိုဆီမန်

PSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။

Read More
ဒဏ်ရာလူစာရင်းထပ်တိုးလာတဲ့ ရီးယဲလ်

ကာဗာဟယ်လ် က ဒဏ်ရာကြောင့် (၃)ပတ်ကနေ (၄)ပတ်ကြား နားရမယ့် ပုံစံဖြစ်ပါတယ်။

Read More