စပါး - ချယ်လ်ဆီး
အင်္ဂါမနက် (၂:၃၀)နာရီ
ဒီရာသီမှာ မထင်မှတ်ထားလောက်အောင် စွမ်းဆောင်ရည်ကောင်းတွေပြနေတာ စပါးအသင်းပါ။ လိုတာထက်ပိုပြီးကောင်းနေတယ်လို့တောင် ပြောလို့ရပါတယ်။ လက်ရှိ စပါးကစားသမားတွေမှာ နာမည်ကြီးတွေနည်းတာနဲ့ ပုံမှန်ထက်ပိုတဲ့ ကြိုးစားမှုတွေက အခုလိုရလဒ်ကောင်းတွေရဲ့ အဖြေလို့မြင်ပါတယ်။ မန်ယူ ၊ လီဗာပူးလ်တို့ကို နိုင်ထားပြီး အာဆင်နယ်ကိုလည်း သရေကျထားတဲ့ စပါးဟာ အသင်းကြီးအချင်းချင်းဆို ရလဒ်ကောင်းရတတ်လို့ ဒီပွဲမှာလည်း ရလဒ်ကောင်းကိုမျှော်လင့်နေပါလိမ့်မယ်။ စပါးအသင်း ချန်ပီယံဖြစ်မဖြစ်ကို ထပ်စမ်းသပ်ရမယ့်ပွဲ ဖြစ်ပြီး ဆွန်ဟောင်မင် ၊ မတ်ဒီဆင် တို့ကတော့ အဓိက စောင့်ကြည့်သွားရမယ့်သူတွေ ဖြစ်ပါတယ်။
ချယ်လ်ဆီးကတော့ အရင်လိုပြန်ဖြစ်လာပါ့မလား ဆိုတာ စိုးရိမ်စရာပါ။ ပုံမှန်ဖြစ်လာပြီလို့ ထင်ရတာနဲ့ ထထ ဖောက်တတ်လို့ပါပဲ။ အသင်းက ယုံစားလို့မရပဲ (၂)ရာသီဆက် အမှတ်ပေးဇယားအလယ်မှာရှိနေတာကလည်း သိပ်တော့မဟုတ်ပါဘူး။ အားမရစရာတွေကြားထဲက အားရစရာကတော့ အသင်းကြီးအချင်းချင်းတွေ့တဲ့ ပွဲတွေမှာ ခြေစွမ်းပိုကောင်းတတ်ပြီး ရလဒ်ကောင်းတွေပါ ယူထားတာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးဘက်မှာတော့ ပယ်လ်မာ ကို အဓိကထား စောင့်ကြည့်သွားရပါလိမ့်မယ်။
စပါးကောင်းနေတယ်ဆိုပေမယ့် အရေးကြီးတာက ဆွန်ဟောင်မင် ၊ မတ်ဒီဆင် တို့ကိုထိန်းချုပ်နိုင်ဖို့ပါပဲ။ ချယ်လ်ဆီးအသင်း ဒီလိုလုပ်နိုင်ဖို့ပါပဲ။ သရေကျနိုင်တဲ့ ပွဲမျိုးဖြစ်ပြီး စပါး (၁-၁)ချယ်လ်ဆီး ရလဒ်မျိုးဖြစ်နိုင်ပါတယ်။
ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။
Read Moreဒီလိုမျိုးမရှိသလောက်ကို ဖြစ်နေတဲ့အထဲမှာတော့ မာတီနက်ဇ် ကိုထည့်ကြရပါလိမ့်မယ်။
Read Moreစပါး နဲ့ အာဆင်နယ် က တန်းတစ်ခုကွာပါတယ်။ ဒီတော့ စပါး ဘယ်လိုပဲ ကြိုးစား ကြိုးစား အာဆင်နယ် ကို အရှုံးပေးလိုက်ရတာပါပဲ။
Read Moreဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။
Read Moreမန်စီးတီးမှာလည်း ပုံမှန်လောက်ပဲ သွားခဲ့သလို အခု ဘာစီလိုနာမှာလည်း ပုံမှန်လောက်ပါပဲ။
Read More