ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့ အာဆင်နယ်
---------------------------------------------
မန်စီးတီး ၂ - ၂ အာဆင်နယ်
ပထမဆုံးပြောရမှာက အာဆင်နယ် လုပ်တတ်ကိုင်တတ်လာတယ်ဆိုတာပါပဲ။ လူမစုံလည်း ဘယ်လိုကစားရမယ်။ ရှိတဲ့သူနဲ့ ဂိုးရအောင် ဘယ်လိုလုပ်ရမယ်။ ရမှတ်ရအောင် ဘယ်လိုကစားရမယ် စတဲ့ အပိုင်းတွေမှာ အများကြီးမှ အများကြီးတိုးတက်လာခဲ့တာပါ။
ပွဲကတော့ ထုံးစံအတိုင်း မန်စီးတီး ဘောလုံးကိုင်ပြီး အာဆင်နယ်ကိုမောင်းကစားပါတယ်။ ဒီလိုနဲ့ပဲ ဆယ်လ်ဗင်ဟို တောင်ပံကနေ ပညာသားပါပါဆွဲထွက်ပြီး ဟာလန်း ပြေးလမ်းကြောင်းထဲ ထည့်ပေးရာကနေ ဟာလန်း က ပွဲချိန်(၉)မိနစ်မှာပဲ မန်စီးတီးအတွက် ဦးဆောင်ဂိုးစသွင်းပေးခဲ့ပါတယ်။ ဒီဂိုးက ဟာလန်း ရဲ့ မန်စီးတီး ကစားသမားဘဝ သွင်းဂိုး (၁၀၀)ပြည့်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီး အားလျော့သွားခဲ့ရတဲ့ အရာကတော့ ဒဏ်ရာကြောင့် ရိုဒရီ ကိုစောစောစီးစီး လူစားလဲခဲ့ရတာပါပဲ။ ဒီအနေအထားက မန်စီးတီးအသင်းအတွက် ပေးဆပ်မှုကြီးခဲ့ပါတယ်။
ပွဲချိန်(၂၂)မိနစ်မှာ အာဆင်နယ် မထင်မှတ်ပဲ ချေပဂိုးပြန်ရခဲ့ပြီး ကာလာဖီအိုရီ က လှပလွန်းတဲ့ အဝေးကန်ချက်နဲ့ (၁-၁)ဖြစ်စေခဲ့ပါတယ်။ ကာလာဖီအိုရီ ရဲ့ ဂိုးကြောင့် အာဆင်နယ်ကစားပုံ ပြန်တက်လာခဲ့သလို ပွဲချိန် (၄၅)မိနစ်မှာတော့ အားသာတဲ့ ထောင့်ကန်ဘောကနေ ဂါဘရီယယ်လ် က ခေါင်းတိုက်ကာ အာဆင်နယ်အသင်း ပွဲကိုဦးဆောင်သွားခဲ့ပါတော့တယ်။
ဂါဘရီယယ်လ် ရဲ့ဂိုးမှာတော့ မန်စီးတီးအသင်းရဲ့ လူကပ်ကစားပုံကို အပြစ်တင်ရမှာဖြစ်ပြီး ဂါဘရီယယ်လ် ခေါင်းတိုက်မယ်မှန်းသိရဲ့သားနဲ့ ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ထရော့ဆဒ် (၂)ဝါ (၁)နီနဲ့ထုတ်ခံခဲ့ရပြီး အငြင်းပွားစရာဖြစ်ခဲ့တယ်ဆိုပေမယ့် ပထမ (၁)ဝါထိထားတာကြောင့် သူ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကစားသင့်တယ်လို့မြင်ပါတယ်။
(၁၀)ယောက်တည်းဖြစ်သွားတာကြောင့် ဒုတိယပိုင်းမှာ အာဆင်နယ်တစ်သင်းလုံး ခံစစ်ပိတ်ကစားသွားခဲ့ပြီး ပိတ်ဆို့ကစားပုံက ထောင့်စေ့လွန်းတာကြောင့် မန်စီးတီးအသင်း ဘောလုံးကိုင်ထားတယ်ဆိုတာပဲရှိခဲ့ပါတယ်။ ခက်ခက်ခဲခဲ ကန်သွင်းချက်တချို့ မန်စီးတီး ရခဲ့တယ်ဆိုပေမယ့် အာဆင်နယ်ဂိုးသမား ရာယာကို မကျော်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ နည်းပြဂွါဒီယိုလာ က ဂယ်ရီလစ်ရှ် ၊ ဖိုဒန် တို့ကို ထည့်ပြီး တိုက်စစ်ပိုင်း အပြောင်းအလဲတွေလုပ်ခဲ့ပါတယ်။
မန်စီးတီး ရခဲ့တဲ့ နောက်ကျချေပဂိုးမှာတော့ ဂယ်ရီလစ်ရှ် ရဲ့ကြိုးစားအားထုတ်မှုကနေ ကန်ချက်တစ်ကြိမ်ရခဲ့ပြီး ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတစ်ခုဖြစ်သွားခဲ့ကာ ဒီအနေအထားကနေ ရလာတဲ့ အခွင့်အရေးကို ဂျွန်စတုန်းစ် က ပွဲချိန်(၉၈)မိနစ်မှာ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာလည်း ထုံးစံအတိုင်း ကစားသမားတွေအချင်းများတာ ဖြစ်ခဲ့ကြပါသေးတယ်။ ဘောလုံးပွဲကောင်းတစ်ပွဲကို ကြည့်ခဲ့ရတယ်လို့ ခံစားရပါတယ်။
ဘာစီလိုနာ အသင်းမှာ ခဏတာကစားခွင့်ရခဲ့တာက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက်သွားခဲ့တယ်လို့ ပြောရမှာပါ။
Read Moreလူကာကူ ဟာ ဒီနေ့ နေ့လည်မှာ ရိုးမားကို သွားရောက်မှာဖြစ်ပြီး အငှားကြေးက ယူရို(၅)သန်းအထက်ဖြစ်ပါတယ်။
Read Moreချယ်လ်ဆီးကနေ အာဆင်နယ် အပြောင်းမှာ အဆင်ပြေဖို့တော်တော်လေး ခက်ခဲခဲ့ပါတယ်။
Read Moreအဲဒီပွဲမှာ အန်းဒရစ် က ဘရာဇီးလ်အတွက် လူစားဝင်လာပြီး မိနစ်(၈၀)မှာ အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။
Read More" ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ် "
Read More