ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၁)
" VAR လွှမ်းမိုးသော နေ့ရက်များ "
⚽⚽⚽⚽
⚽ ခက်ခဲနေသူတွေအတွက် နိုင်ပွဲတစ်ပွဲဟာ ပျော်စရာအတိပါ။ စောစောစီးစီး အဆင်ပြေရမယ့်အရာကVAR ကြောင့် ကယ်တင်ရှင်ရှာလိုက်ရတာကလည်း ရင်တုန်ပန်းတုန်ပါပဲ။ဖာနန်ဒက်စ် ရဲ့ ဂိုးက အားလုံးအတွက်ချိုမြိန်ခဲ့ပြီး နောက်ပွဲတွေရင်ဆိုင်ဖို့အားအင်လည်း ဖြစ်ခဲ့ပါတယ်။
⚽ မန်စီးတီး ရဲ့ ဒါဇင်ဝက်ဂိုးမှာ ဒိုကူက သူရဲကောင်းပဲ။ ချီးကျူးသံတွေညံလာတယ်။ မဆိုးဘူးပဲ တွေဖြစ်လာတယ်။တစ်ဆက်တည်းမှာပဲ မန်စီးတီးက သူ့အလုပ်သူလုပ်တယ်။ ပုံမှန်လေးတွေ နိုင်လာတယ်။ အဆင့် (၁)ကိုသာသာယာယာနဲ့ပြန်တက်သွားတယ်။
⚽ VAR က အာဆင်နယ်ကို ချိုးနှိမ်လိုက်တယ်။ ဘောလုံးပွဲတွေက ထင်သလောက်မရိုးရှင်းဘူးပဲ ပြောရမယ်။ ဒီတစ်ပတ် VARကံဆိုးခဲ့ပေမယ့် နောက်တစ်ပတ်မှာ VARကံ ကောင်းနိုင်တာကိုလည်း မေ့ထားလို့မရပါဘူး။ မကျေနပ်သံတွေကတော့ မျိုးစုံဆိုပေမယ့် ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ နောက်ပွဲနိုင်ဖို့ကိုသာ အာရုံစိုက်ရပါလိမ့်မယ်။
⚽ လူတန်တောင်း ရဲ့ သွင်းဂိုးအစပြုတဲ့နေရာက ဘောလုံးလက်နဲ့ထိခဲ့ပါတယ်တဲ့။VAR က ဂရုမစိုက်တော့လည်း လီဗာပူးလ်တို့ မရှုံးဖို့ အားကုန်ရုန်းကြရတော့တာပါပဲ။အပိုင်ဆို လွဲလိုက်မှဆိုတဲ့ ဒါဝင်နူနက်ဇ် ကလည်း ဒါဝင်နူနက်ဇ် ဖြစ်နေတုန်းပါ။ လုံးဝအနိုင်တွက်ထားတဲ့ ပွဲက ရှုံးမလိုထိ ဖြစ်ခဲ့ရလို့ နောက်ပွဲတွေ အခုထက်ပို သတိကြီးကြီးထား ကစားဖို့လိုနေပါပြီ။
⚽ သွင်းဂိုး (၅)ဂိုးထိ ပယ်ခဲ့တဲ့ VAR ကိုဘာများ မေးခွန်းထပ်ထုတ်နိုင်ကြဦးမလဲ။ဝေဖန်နေကြလို့ ပိုတောင်ကြမ်းပြလိုက်တဲ့သဘောတောင်ဖြစ်သွားသေးတယ်။ စပါးရဲ့ အနီကတ်တွေကတော့ ဖြစ်ကို ဖြစ်သင့်တာတွေပါ။ VAR က တစ်သင်းချင်းစီ အလှည့်ကျနစ်နာနေကြရတာဖြစ်ပြီး ဒီပွဲကို နစ်နာတယ် လို့တွေးမိရင် လီဗာပူးလ်နဲ့ပွဲအကြောင်း စပါးတွေကို သတိပြန်ရစေချင်ပါတယ်။
အဲဒီ(၂)ပွဲဆက်နောက်ဆုံးမိနစ်တွေမှာ ရင်ခံခဲ့ရလို့ ကံမကောင်းခဲ့ဘူးလို့လည်း ပြောရပါလိမ့်မယ်။
Read Moreမန်ယူကိုမသွားချင်လို့ ဘာစီလိုနာမှာ ကပ်သပ်ပြီးနေခဲ့သလို အခုဆိုရင်တော့ သူ့ဖြစ်ချင်တာဖြစ်ရပါပြီ။
Read Moreမာနေး ဟာ အယ်လ်နာဆာ မှာ တစ်ပတ်လုပ်ခလစာပေါင်(၆)သိန်းခွဲထိ ရမှာဖြစ်လို့ မြင့်မားတဲ့ အနေအထားကို ရရှိသွားမှာပါ။
Read Moreအဓိက က Power Game ကစားခဲ့သလို ဖြစ်ခဲ့တာကြောင့် ကြံခိုင်မှုပိုကောင်းပြီး မာမာကျောကျောပိုရှိတဲ့ နယူးကာဆယ် က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Read Moreဒီတစ်ခါမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးပြတ်ရလဒ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။
Read More