PFA Players' Player of the year ဆုကို ရရှိခဲ့တဲ့ ဟာလန်း

Published 1 year ago by Bawlonelive

PFA Players' Player of the year ဆုကို ရရှိခဲ့တဲ့ ဟာလန်း

----------------------------------------------------------

မန်စီးတီးအသင်း တိုက်စစ်မှုး ဟာလန်းဟာ PFA Players' Player of the year ဆုကို ရရှိခဲ့ပါတယ်။အသက် (၂၃)နှစ်ရှိပြီဖြစ်တဲ့ ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ် ဆုဖလား(၃)လုံး ဆွတ်ခူးခဲ့ပြီး ဒီဆုဖလားတွေကို ရရှိခဲ့တဲ့နေရာမှာ ဟာလန်း က အဓိကနေရာကပါဝင်ခဲ့တာဖြစ်ပါတယ်။ 

“ ဒီဂုဏ်ထူးဆောင်ဆုကို ဆွတ်ခူးရတာ ဂုဏ်ယူကြောင်း ၊ ပြိုင်ဘက်တွေရဲ့ အသိအမှတ်ပြု မဲပေးတာကိုကျေးဇူးတင်ကြောင်း ၊ ဆုဖလား(၃)လုံး ရရှိခဲ့တာက မမေ့နိုင်စရာရာသီတစ်ခု ဖြစ်ကြောင်း " ဟာလန်း က ပြောကြားခဲ့ပါတယ်။ 

ဟာလန်းဟာ (၂၀၂၂)ခုနှစ် ဇွန်လမှာ ဒေါ့မွန်ကနေ မန်စီးတီးအသင်းကို ပေါင်(၅၁.၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အခုလို PFA Players' Player of the year ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရာမို့စ်

PSG ကနေ ထွက်ခဲ့တဲ့ အချိန်အရောက်မှာ ရာမို့စ် ရဲ့ အနာဂတ်ဟာ ဘယ်ကိုရောက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

Read More
မန်စီးတီး - အာဆင်နယ် ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်

မနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

Read More
ဗီလာကို Comeback နဲ့ အနိုင်ယူပြီး ဖိအားအနည်းငယ် လျှော့ချနိုင်ခဲ့တဲ့ မန်ယူ

နည်းပြတန်ဟက် လည်း ဖိအားအနည်းငယ်လျှော့ချနိုင်ခဲ့ပါတယ်။

Read More
မန်စီးတီးနဲ့ ပွဲအတွက် အဖြေမထွက်သေးတဲ့ ဆာကာ

ချန်ပီယံလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ဆာကာ ဟာ လူစားလဲခံခဲ့ရတာပါ။

Read More
လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး

လူတန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတဲ့ မန်စီးတီး -----------------------------အသင်းရဲ့ အဓိက တိုက်စစ်မှုး ဟာလန်း မပါခဲ့လို့ ဂိုးတွေရဖို့ ရုန်းကန်ခဲ့ရပြီ...

Read More