အင်္ဂလန်ကလပ်တွေ ကြေကွဲခဲ့ရတဲ့ ချန်ပီယံလိဂ်

Published 11 months ago by Bawlonelive

အင်္ဂလန်ကလပ်တွေ ကြေကွဲခဲ့ရတဲ့ ချန်ပီယံလိဂ်

--------------------------------- 

ဘိုင်ယန်မြူးနစ် ၁ - ၀ အာဆင်နယ်

(၂ ကျော့ပေါင်း ၃-၂ နဲ့ ဘိုင်ယန်တက်) 

ဒီပွဲမှာ ဘိုင်ယန်မြူးနစ် က လူမစုံခဲ့ပေမယ့် ပထမအကျော့ကထက်ပိုကောင်းတဲ့ ခြေစွမ်းကိုပြနိုင်ခဲ့ပါတယ်။ ဘယ်ခြမ်းထွက် ကစားခဲ့တဲ့ ဂွါရဲရိုး ထင်ထားတာထက် ပိုကောင်းအောင်ကစားနိုင်ခဲ့သလို ခြေစွမ်းလည်းပြနိုင်ခဲ့ပြီး အသင်းအတွက် တစ်လုံးထဲသောအနိုင်ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်လည်း ကောင်းခဲ့တယ်ဆိုပေမယ့် ချန်ပီယံလိဂ်ရဲ့ မြင့်မားတဲ့အဆင့်တစ်ခုမှာ ဘိုင်ယန်မြူးနစ် လိုအသင်းကို နိုင်ဖို့အထိတော့ သူ့တို့ဟာမဖြစ်နိုင်သေးကြောင်းကို ဒီ(၂)ကျော့လုံးမှာမြင်လိုက်ရလို့ အာဆင်နယ်က ပိုပြီးကြိုးစားရဦးမှာပါ။ ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန်(၆၃)မိနစ်မှာ ကင်မစ်ချ် က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အခြေအနေမကောင်းတာကြောင့် အာဆင်နယ်အသင်း ဖလားလက်မဲ့ရာသီဖြစ်လာဖို့များနေပြီး ဟယ်ရီကိန်း ကတော့ သူ့ရဲ့ဘိုင်ယန်မြူးနစ်နဲ့ဆုဖလား အိပ်မက်ကိုဆက်လက် ဆုပ်ကိုင်ထားတုန်းဖြစ်ပါတယ်။ 

မန်စီးတီး ၁ - ၁ ရီးယဲလ်

( ၂ ကျော့ပေါင်း ရလဒ် ၄-၄ ၊ ပယ်နယ်တီမှာ ၃-၄ နဲ့ ရီးယဲလ် နိုင်) 

တကယ်ဆို ဒီပွဲက ချန်ပီယံလိဂ်ရဲ့ ဗိုလ်လုပွဲဖြစ်သင့်တဲ့ ပွဲမျိုးပါ။ မန်စီးတီး တကယ်ကိုကောင်းခဲ့ပါတယ်။ ရီးယဲလ်ကတော့ မန်စီးတီးအတွက် ပြိုင်ဘက်ကောင်းပါပဲ။ ရီးယဲလ်ရဲ့ ချန်ပီယံလိဂ်ကံကလည်း တော်ရုံအသင်းလိုက်မမီခဲ့ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ပွဲချိန် (၁၂)မိနစ်မှာ ရိုဒရီဂို က ရီးယဲလ်အတွက် ဂိုးစသွင်းခဲ့ပြီး ဒီဂိုးကိုပြန်ချေပဖို့ မန်စီးတီး တော်တော်လေးကြိုးစားခဲ့ရသလို ပွဲချိန် (၇၆)မိနစ်မှာ ဒီဘရိုင်းနား က (၁-၁)ဖြစ်စေခဲ့ပါတယ်။ မန်စီးတီးဘက်မှာ အပြစ်တင်ရမယ့် ကစားသမားကတော့ ဘာနာဒိုဆေးဗားလ် ဖြစ်ပြီး ကိုယ်သာနေတဲ့ ပယ်နယ်တီကို ပြီးစလွယ်လုပ်ပြီး လွဲခဲ့လို့ ပယ်နယ်တီ အလှည့်အပြောင်းဖြစ်သွားခဲ့ကာ ရီးယဲလ်အသင်းနိုင်မယ့် လမ်းဆီ ဦးတည်သွားခဲ့ပါတော့တယ်။

အာဆင်နယ် - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ဆုဖလား (၂)လုံးကို အချိန်တိုအတွင်းလက်လွှတ်လိုက်တယ်လို့ ပြောခံရပါလိမ့်မယ်။

Read More
ရီးယဲလ် ရဲ့ လူငယ်တိုက်စစ်

ဗီနီစီယက်စ်နဲ့ ရိုဒရီဂို တို့က အဆင် သင့်ရှိနေကြတယ်။

Read More
ရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့ ချယ်လ်ဆီး

ရမှတ်ခွဲယူခဲ့ကြတဲ့ မန်စီးတီး နဲ့မန်စီးတီး က ဂိုးကန်ချက်တွေများခဲ့တယ်ဆိုပေမယ့် နိုင်ပွဲတစ်ပွဲအတွက် လုံလောက်ခြင်းမရှိခဲ့ပါဘူး။

Read More
မန်ယူ ကယ်တင်ခဲ့ကြတဲ့ မက်ဂွိုင်းယား နဲ့ အိုနာနာ

မက်ဂွိုင်းယား ကတော့လုံးဝကိုပုံစံကောင်းပြန်ရသွားခဲ့ပြီဖြစ်ပြီး အိုနာနာ ကလည်းသူ့ရဲ့ အဆင့်အတန်းတစ်ခုကို ဒီပွဲမှာပြသနိုင်ခဲ့ပါတယ်။

Read More
ဖိအားတွေများနေတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာလည်း မန်စီးတီးက (၁)ပွဲပဲနိုင်ထားတာပါ။

Read More