လီဗာပူးလ် အာဆင်နယ် ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ

Published 2 months ago by Bawlonelive

လီဗာပူးလ် အာဆင်နယ် ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ

-------------------------- 

လက်ရှိ မန်ယူအသင်းရဲ့ အခြေအနေတွေက ရလဒ်ဆိုးတွေနဲ့သာ ပြည့်နေတယ်။ 

အသင်းရဲ့အမာခံအားပေးသူတွေကြားထဲမှာလည်း နောက်တန်း (၄)ယောက်ပြန်သုံးစေချင်ကြတာက တစ်ဖက် ၊ နောက်တန်း(၃)ယောက်ပဲ ကောင်းတယ်ဆိုတာကတစ်ဖက်ဖြစ်နေတယ်။ 

ဒီတော့ လီဗာပူးလ် အာဆင်နယ် ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာမှာ အတွေးသိပ်မရောက်ကြဘူး။ 

ဒီအနေအထားမှာ ဘယ်လိုကျော်ဖြတ်ကြမလဲကို စဥ်းစားရမယ့်အပိုင်းရောက်လာတယ်။ 

ပထမဆုံး လီဗာပူးလ် ပေါ့။ 

အရှုံးလို့ပဲစတွက်ရမှာပါပဲ။ ဒါပေမယ့် ထင်ထားသလို ဂိုးပြတ်တွေဖြစ်ဖို့ခက်ပါတယ်။

ဘာလို့လဲဆိုတော့ လီဗာပူးလ် ရလဒ်တော်တော်ကောင်းနေပြီး မန်ယူက ရလဒ်တွေတော်တော်ကျဆင်းနေလို့ပါ။ 

ဘောလုံးမှာက သူ့အလှည့် ၊ ကိုယ့်အလှည့်ပြန်ပေးရတာလေးတွေရှိလို့ ဒါလေးတွေထည့်တွက်မယ်ဆို အရင်ကလို (၅)ဂိုးပြတ်တွေ ဘာတွေဖြစ်မလာနိုင်တော့ပါဘူး။ 

အာဆင်နယ် နဲ့ အက်ဖ်အေပွဲကိုတော့ မျှော်လင့်ချက်လေး နည်းနည်းပိုထားလို့ရပါတယ်။ 

အာဆင်နယ် ပရီးမီးယားလိဂ်ပဲလိုချင်တာ ၊ အာဆင်နယ် ကွင်းအတွေ့အကြုံ အမော်ရင် မှာ ရှိနေတာ ၊ အာဆင်နယ် နဲ့ပွဲမှာ ထောင့်ကန်ဘောတွေသာထည့်မတွက်ရင် မန်ယူကစားတာ တော်တော်အဆင်ပြေခဲ့တာတွေကြောင့်ပါပဲ။ 

နောက်တစ်ခုကတော့ ဆုဖလားတစ်လုံးမျှော်လင့်ချက်အတွက် မန်ယူကစားသမားတွေ ရှိသမျှ အားအကုန် ရုန်းလာကြမယ့် အခြေအနေပါ။ 

ဘောလုံးမှာ မထင်ထားတာတွေဖြစ်တတ်တယ်ဆိုတာမျိုးကိုလည်း မြင်တွေ့သွားရနိုင်တဲ့ ပွဲမျိုးလည်းဖြစ်ပါတယ်။ 

ပြောရမယ်ဆိုရင်တော့ ဒါတွေက အကောင်းတွေးထားတာပါ။ ဖြစ်လာနိုင်ခြေတွေလည်းရှိပါတယ်။ 

အမော်ရင် နဲ့ မန်ယူအသင်း အားပေးသူတွေပျော်ရမယ့် အချိန်လေးတွေ အဲဒီပွဲတွေမှာမရှိတောင် အဲဒီပွဲတွေအပြီးမှာတော့ ပျော်ရမယ့်ပွဲတွေရှိိလာနိုင်ပါတယ်။

ဘာစီလိုနာ ကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ PSG

ပုံမှန်အတိုင်းသာဆို အိမ်ရှင်က စီးပြီးကစားရမှာဖြစ်ပေမယ့် ပထမအကျော့ရလဒ်ကို ထိန်းချင်စိတ်ကသာများနေခဲ့ပါတယ်။

Read More
ရီးယဲလ်နဲ့ သတင်းတွေကြီးနေတဲ့ အလွန်ဆို

ဒီရာသီအစမှာလည်း အလွန်ဆို ရဲ့ လေဗာကူဆင်အသင်းဟာ အဖွင့်တော်တော်လှနေပါတယ်။

Read More
အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ် နဲ့ မန်ယူ

ဒီပွဲမှာ အပြစ်တင်ချင်တယ်ဆိုရင်တော့  ရည်ရွယ်ချက်မရှိပဲ ဘောလုံးကို လက်နဲ့ထိခဲ့တဲ့ အနေအထားမှာ ပယ်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ပဲ ဖြစ်ပါလိမ့်မယ်။

Read More
PSG က ထွက်ခွာချင်နေတဲ့ နေမာ

မက်ဆီ ထွက်ခွာအပြီး ဘာပေ လည်း ထွက်ခွာလုနီးပါးဖြစ်နေချိန်မှာ နေမာ က ပါ ထွက်ခွာချင်နေတာပဲဖြစ်ပါတယ်။

Read More
ချယ်လ်ဆီး စိတ်ဝင်စားနေတဲ့ တိုက်စစ်ကစားသမား

ပယ်လ်မာ ကို မခေါ်ခင်တည်းက စိတ်ဝင်စားနေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Read More