မန်ယူ - လီဗာပူးလ်
Super Sunday ည (၉:၀၀)နာရီ
လက်ကျန်ပွဲတွေအကုန်နိုင်ရင် ချန်ပီယံလိဂ်ဝင်နိုင်တယ်ဆိုပေမယ့် ဘရန့်ဖို့ဒ် နဲ့ ချယ်လ်ဆီးပွဲပြီးတည်းက ဒီမျှော်လင့်ချက်က ကုန်ဆုံးသွားပါပြီ။ အဲဒီ(၂)ပွဲဆက်နောက်ဆုံးမိနစ်တွေမှာ ရင်ခံခဲ့ရလို့ ကံမကောင်းခဲ့ဘူးလို့လည်း ပြောရပါလိမ့်မယ်။ ခံစစ်ပိုင်းမှာ ဒဏ်ရာတွေများနေသေးတာ ၊ တိုက်စစ်မှုး ဟွိုင်းလွန် ပုံမှန်အောက်ရောက်နေတာ ၊ ရက်ရှ်ဖို့ဒ် ကြိုးစားအားထုတ်မှုနည်းနေတာတွေက အားနည်းချက်တွေပါပဲ။ အကောင်းဘက်မှာတော့ ဂါနာချို ကြိုးစားတာနဲ့ အန်တိုနီ က အန်တိုနီ ပြန်ဖြစ်လာခဲ့တာတွေပဲ ဖြစ်ပါတယ်။ နောက်ဆုံး (၂)ပွဲဆက်ရလဒ်တွေကြောင့် ဒီပွဲမှာ ပုံမှန်ထပ်ပိုပြီး အားထုတ်ကစားလာမှာကတော့ သေချာပါတယ်။
လီဗာပူးလ် ကတော့ ဘရိုက်တန် ၊ ရှက်ဖီးလ် တို့ကိုအနိုင်ယူပြီး ပုံမှန်လေးရှေ့ဆက်နေပါတယ်။ အဲဒီပွဲတွေမှာ ခြေစွမ်းသိပ်မကောင်းခဲ့ပေမယ့် နိုင်ပွဲတွေရခဲ့လို့ တည်ငြိမ်မှုအပြည့်ရှိတယ်ဆိုတာကို မြင်သာပါတယ်။ တစ်ခုရှိတာက ပုံစံကောင်းရနေချိန်မှာတောင် မန်ယူကွင်းမှာရှုံးခဲ့လို့ အခုနည်းနည်းလေးကျနေတဲ့အချိန်မှာ ရလဒ်ကောင်းနိုင်မလားဆိုတာ စဥ်းစားစရာတော့ဖြစ်ပါတယ်။ အကောင်းကတော့ လီဗာပူးလ် လူပြန်စုံလာတာဖြစ်ပြီး လူမစုံရင်တောင်ကောင်းတဲ့အသင်းက လူစုံလာရင်ပိုကောင်းဖို့ပဲရှိပါတယ်။
(၂)သင်းလုံးက မျှော်လင့်ချက်ကိုယ်စီနဲ့ ကစားကြမယ့်ပွဲမျိုးဖြစ်ပါတယ်။ မန်ယူကွင်းဖြစ်လို့ သရေရလဒ်က ပိုမျှတမယ်ထင်ပါတယ်။ (၂-၂)လို့ ခန့်မှန်းထားပါတယ်။
ချယ်လ်ဆီးကနေ အာဆင်နယ် အပြောင်းမှာ အဆင်ပြေဖို့တော်တော်လေး ခက်ခဲခဲ့ပါတယ်။
Read Moreဘာပေ PSG ကသာထွက်ရင် ပြောင်းမယ့်အသင်းက ရီးယဲလ်သာဖြစ်လို့ဒီလိုသတင်းထွက်လာတာ ဘာမှတော့မဆန်းပါဘူး။
Read Moreဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read More" မင်းသားတွေရှိခဲ့တဲ့ရက်သတ္တပတ် "
Read Moreပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲတွေ ရလဒ်ဆိုးနေတာကို ချန်ပီယံလိဂ် အိမ်ကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြရပါလိမ့်မယ်။
Read More