တိုက်စစ်အားဖြည့်ခဲ့တဲ့ ဂျူဗင်တပ်စ်
---------------------------
ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့
ဂျူဗင်တပ်စ်အသင်းက တိုက်စစ်ပိုင်း
အားဖြည့်မှုတစ်ခုလုပ်ခဲ့ပါတယ်။
ဒါကတော့ PSG ကနေ ကိုလိုမူအာနီ ကို
အငှားနဲ့ခေါ်ခဲ့တာပါ။
အငှားကြေး ယူရို (၁)သန်းဖြစ်သလို အပို
ဆုကြေးကတော့ ယူရို (၂)သန်းဖြစ်ပြီး
တခြားအပိုကြေးအနေနဲ့ ယူရို (၂.၆)သန်း
လည်းပါရှိပါတယ်။
အပြီးခေါ်ယူခွင့် စာချုပ်ထဲမှာမပါလို့ ရာသီ
ဝက်အငှားသာဖြစ်ပါတယ်။
လက်ရှိစီးရီးအေမှာ အဆင့် (၅)နေရာရောက်
နေပြီး ချန်ပီယံဆုစိန်ခေါ်ဖို့အတွက် ခက်ခဲ
နေတယ်ဆိုပေမယ့် လက်ကျန်ရာသီဝက်က
ဂျူဗင်တပ်စ်အတွက် မျှော်လင့်ချက်ရေးရေး
လေးတော့ရှိနေပါတယ်။
အနည်းဆုံးတော့ ထိပ်သီး (၄)သင်းအတွင်း
ဂျူဗင်တပ်စ် ဝင်ဖို့တော့လိုပါတယ်။
ကိုလိုမူအာနီ ဘယ်လောက်ထိ လုပ်ပြနိုင်
မလဲကို စောင့်ကြည့်သွားရမှာဖြစ်ပြီး စီးရီး
အေမှာ ကျဆင်းချင်သယောင်ဖြစ်နေတဲ့
အသင်းကို ဘယ်လိုအကူအညီပေးသွားမလဲ
ဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာတော့ ကိုလိုမူအာနီ
က ကျောနံပါတ် (၂၀)ကိုဝတ်ဆင်သွားမှာ
ဖြစ်ပြီး အပြောင်းအရွှေ့ တွေမြင်တွေ့ရဖို့
ခက်ခဲနေတဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာ
လရဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ပါတယ်။