မန်စီးတီး - အာဆင်နယ် ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

မန်စီးတီး - အာဆင်နယ် ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်

--------------------------------------- 

မန်စီးတီး - အာဆင်နယ် 

Super Sunday ည (၉:၃၀)နာရီ 

ကွန်မြူနတီဒိုင်းလာပြီဆိုတော့ မကြာခင်မှာ ပရီးမီးယားလိဂ်ပြန်လာတော့မယ့် သဘောပါပဲ။ မနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ 

မန်စီးတီးကတော့ အပြောင်းအရွှေ့စျေးကွက်မှာ အဓိကဒေါက်တိုင်ကစားသမားတချို့ကို လက်လွှတ်ခဲ့ရပါတယ်။ ကစားထားတဲ့ ခြေစမ်းပွဲတွေအရလည်း မန်စီးတီးက အရ မန်စီးတီးပြန်မဖြစ်သေးပါဘူး။ ပုံစံကောင်းတစ်ခုပြန်ရဖို့ လုပ်ရဦးမှာဖြစ်ပြီး တည်ငြိမ်မှုအားနည်းနေပါသေးတယ်။ ဒီလိုပွဲမျိုးတွေမှာ ဂွါဒီယိုလာ က အဆန်းထွင်တတ်တာတွေရှိတော့ ဒီပွဲမှာ မန်စီးတီးကို အကြိုက်သိပ်တွေမနေပါဘူး။ 

အာဆင်နယ်ကလည်း တိုင်ပတ်လိုက်ရမှဆိုတဲ့ ထုံးစံအတိုင်း ဒီပွဲမှာ ဂျေးဆုကို လက်လွှတ်ရဖို့ရှိပါတယ်။ ဒီတော့ အထောင်တိုက်စစ်က အန်ကီတီယာ ဖြစ်မလား ၊ ဟာဗက်ဇ် ဖြစ်မလားဆိုတာကို အာတီတာ ဆုံးဖြတ်ပါလိမ့်မယ်။ ပြောရရင် အာဆင်နယ်က မန်စီးတီးထက် ခြေစမ်းပွဲပိုကစားထားတယ်။ ပုံစံတွေမျိုးစုံ စမ်းသပ်ထားတယ်။ ကစားသမားသစ်တွေလည်း အထိုင်ကျသလောက်ဖြစ်နေပြီ။ ဒီအရာတွေအပြင် မနှစ်က မန်စီးတီးက ငါတို့ကိုနောက်ကောက်ချထားတယ်ဆိုတဲ့ စိတ်ကလည်းရှိနေတော့ ဒီပွဲအတွက် မန်စီးတီးထက်ပိုပြီး စိတ်ဓာတ်ပြင်းထန်နေပါလိမ့်မယ်။ ဒီအရာက ဒီပွဲအတွက် အားသာချက်ပါပဲ။

မန်စီးတီး ကို တွေ့တိုင်းရှုံးနေတဲ့ အာဆင်နယ် ဒီတစ်ခါတော့ ရလဒ်ကောင်းမယ်လို့ ယူဆပါတယ်။ ဒီတော့ အနိုင်ရမယ့်အသင်းအဖြစ် အာဆင်နယ် ကို ရွေးချင်ပါတယ်။ 

အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၁ - ၂ လောက်နဲ့နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ဒီဆာဆီ သဘောတူညီမှုရပြီ

လက်ရှိမှာတော့ ဒီဆာဆီ ဟာ ချယ်လ်ဆီးအသင်းရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁)

" စတန်းဖို့ဒ်ဘရစ်ချ် က အန်ဇိုဖာနန်ဒက်ဇ် ခြေရာများ "

Read More
လိုင်ယွန်နည်းပြဖြစ်လာနိုင်တဲ့ လမ်းပတ်

လိုင်ယွန်အသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေကြောင့်နည်းပြဘလန့် ကို ရာထူးကနေထုတ်ပယ်အပြီးမှာ လမ်းပတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုနေခဲ့တာပါ။

Read More
ဒီယွန်း ကို စာချုပ်သစ်ကမ်းလှမ်းဖို့ရှိနေတဲ့ ဘာစီလိုနာ

မန်ယူကိုမသွားချင်လို့ ဘာစီလိုနာမှာ ကပ်သပ်ပြီးနေခဲ့သလို အခုဆိုရင်တော့ သူ့ဖြစ်ချင်တာဖြစ်ရပါပြီ။

Read More
လီဗာပူးလ် - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

အသင်းကောင်း (၂)သင်းဖြစ်သလို ရှုံးဖို့လည်း မလွယ်ကြတဲ့ အသင်းတွေပါ။

Read More