မန်ယူ နဲ့ လီဗာပူးလ် တစ်ဖက်(၂)ဂိုးစီသရေကျခဲ့လို့ ပိုမြိုင်သွားခဲ့တဲ့ ပရီးမီးယားလိဂ်
--------------------------
မန်ယူ ၂ - ၂ လီဗာပူးလ်
ဒီပွဲရဲ့ ပထမပိုင်းက တစ်ဖက်စောင်းနင်းပါ။ မန်ယူအသင်းက ချယ်လ်ဆီးနဲ့ ရှုံးပွဲအတွက် စိတ်ဓာတ်ပိုင်း အနာမကျက်သေးတဲ့ပုံဖြစ်နေပါတယ်။ လျော့တိလျော့ရဲပုံနဲ့ လီဗာပူးလ် ကို ရင်ဆိုင်နေတယ်။ လီဗာပူးလ်လုပ်သမျှခံနေရတယ်။ ဘာဆိုဘာမှလည်း ပြန်မလုပ်နိုင်ခဲ့ပါဘူး။ လီဗာပူးလ်ကလည်း အခွင့်အရေးတွေရပေမယ့် ဖြုန်းတာနဲ့ အိုနာနာ လက်စွမ်းပြတာတွေကြောင့် ပထမပိုင်းမှာတစ်ဂိုးသာရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပွဲချိန်(၂၃)မိနစ်မှာ ထောင့်ကန်ဘောကနေ ရလာတဲ့ အခွင့်အရေးကို ဒီယက်ဇ် က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ဖာနန်ဒက်စ် အတွက် ပြောစရာလေးတွေရှိပါတယ်။ ဖာနန်ဒက်စ် ကို ဖိအားနည်းနိုင်တဲ့ တစ်ပွဲလောက်တော့ အနားပေးသင့်နေပါပြီ။ အခုက ပင်ပန်းလွန်းအားကြီးပြီး ဆုံးဖြတ်ချက်တချို့က အမှားများပါတယ်။ ကျပ်နေတဲ့ နေရာတွေထဲကိုပဲ ဘောလုံးတွေထည့်ပေးတာ ၊ နေရာလွတ်တွေရှိနေပေမယ့် ပေးဖို့ကြာနေတာ ၊ ဘောလုံးရတာနဲ့ အရှေ့မှာ လွတ်လွတ်မလွတ်လွတ် တိုက်စစ်ကိုတန်းတင်တာတွေပါပဲ။ ဒီအဆိုးတွေထဲက အကောင်းကတော့ ချေပဂိုးဖြစ်ပြီး လီဗာပူးလ်ခံစစ်အမှားကနေ လှပတဲ့ ချေပဂိုးတစ်ဂိုးကို ပွဲချိန်မိနစ် (၅၀)မှာ ဖာနန်ဒက်စ် က သွင်းယူခဲ့တာဖြစ်ပါတယ်။
(၁-၁)ဖြစ်သွားတဲ့ အချိန်မှာ မန်ယူအသင်းရဲ့ စိတ်ဓာတ်ပိုင်း ပိုတက်လာခဲ့ပြီး ကစားပုံလည်းပိုကောင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန်(၆၇)မိနစ်မှာ မိုင်နူး ရဲ့လှပတဲ့ကန်ချက်သွင်းဂိုးနဲ့ မန်ယူအသင်းက ပွဲကိုဦးဆောင်လိုက်ပါတယ်။ ဒီပွဲမှာ နည်းပြယာဂန်ကလော့ နိုင်ပွဲလိုချင်စိတ်ပြင်းခဲ့ပါတယ်။ ဂတ်ပို ၊ အီလီယော့ ၊ ဂျုံးစ် ၊ ဂိုးမက်စ် တို့ကို ဆက်ဆိုသလို ထည့်ပြီး လူစားလဲခဲ့ပါတယ်။ ဒီနေရာမှာ အကောင်းလည်းရှိခဲ့ပေမယ့် ဆိုးတာကလည်း အရှိန်အဝါတစ်ခုကျသွားတာပါ။ သူတို့ဝင်လာပြီးနောက်ပိုင်း မန်ယူအသင်းက အစောပိုင်းအချိန်တွေလောက် တားဆီးရတာမခက်ခဲတော့ပါဘူး။
ပွဲချိန်(၈၄)မိနစ်မှာတော့ အီလီယော့ ကို ဘစ်ဆာကာ ဖြတ်ထုတ်လို့ လီဗာပူးလ် ပယ်နယ်တီရခဲ့ပြီး ဆာလာ က အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။ ဒီပယ်နယ်တီ အခြေအနေမှာ ဘစ်ဆာကာ က ခပ်တုံးတုံးနဲ့ လုပ်လိုက်လို့ဖြစ်ခဲ့တဲ့ ပယ်နယ်တီလို့မြင်ပါတယ်။
ပွဲအပြီးမှာတော့ တစ်ဖက် (၂)ဂိုးစီနဲ့ သရေကျခဲ့ပြီး အာဆင်နယ် နဲ့ မန်စီးတီး တို့အကြိုက်ရလဒ်ဖြစ်ခဲ့ပါတယ်။ ဒီသရေ ရလဒ်ကြောင့် အာဆင်နယ် အဆင့်(၁)ပြန်ဖြစ်သွားခဲ့ပြီး ရမှတ်တွေမှာတော့ အာဆင်နယ် ၊ လီဗာပူးလ် က (၇၁)မှတ် ၊ မန်စီးတီး က (၇၀)မှတ်ဖြစ်ပါတယ်။
ဒီပွဲမှာအင်တာမီလန် က နာပိုလီ ကိုခြေစွမ်းအသာနဲ့ ကစားသွားခဲ့တာပါ။
Read Moreဘယ်လင်ဂမ် ကို ကြည့်ရတာ ဇီဒန်းနဲ့ ကာကာ ပေါင်းစပ်ထားသလိုပါပဲ။
Read More" မန်ချက်စတာ က မိုးပြာရောင် "
Read Moreလက်ရှိမှာ အာဆင်နယ်က ရမှတ် (၃၉)မှတ် ၊ လီဗာပူးလ် က ရမှတ် (၃၈)မှတ်ပါ။
Read Moreဘန်လေ ၊ ဘုန်းမောက် တို့ကို ဂိုးပြတ်တွေ နောက်ဆုံး (၂)ပွဲဆက် ရှုံးထားတဲ့ ဖူလ်ဟမ်က အာဆင်နယ်ကို ဟန့်တားနိုင်မယ်လို့ ဘယ်လိုမှမတွေးမိခဲ့ပါဘူး။ ပွဲချိန် (၅...
Read More