ဗီလာကို Comeback နဲ့ အနိုင်ယူပြီး ဖိအားအနည်းငယ် လျှော့ချနိုင်ခဲ့တဲ့ မန်ယူ

Published 8 months ago by Bawlonelive

ဗီလာကို Comeback နဲ့ အနိုင်ယူပြီး ဖိအားအနည်းငယ် လျှော့ချနိုင်ခဲ့တဲ့ မန်ယူ

-------------------------------- 

မန်ယူ ၃ - ၂ ဗီလာ 

တစ်ပွဲလုံးကို ခြုံပြောရင် ဒီပွဲမှာ မန်ယူအသင်းရဲ့ ရှေ့ဆက်ပြီးကောင်းလာနိုင်ခြေရှိတဲ့ အရာတွေကိုမြင်ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ် ၊ ဂါနာချို တောင်ပံတိုက်စစ်တွေ အရင်လိုပြန်ဖြစ်လာတာ ၊ အဲရစ်ဆင် ကြောင့် တွဲလုံးတွေ ၊ အနီးပေးတွေ ၊ တိုက်စစ်လမ်းကြောင်း စတင်မှုတွေပိုကောင်းလာတာနဲ့ ဖာနန်ဒက်စ် ရဲ့ အကွက်မြင်တဲ့ ဘောလုံးအခင်းအကျင်းတွေကြောင့် တိုက်စစ်ကစားအားပိုကောင်းလာခဲ့တာတွေပဲ ဖြစ်ပါတယ်။ ချန်ထားလို့မရတဲ့ နောက်တစ်ခုကတော့ အီဗန် ဖြစ်ပြီး အရေးပါတဲ့ တားဆီးဟန့်တားမှုတွေကိုလုပ်နိုင်ခဲ့ပါတယ်။ 

ဒီပွဲရဲ့ ပထမပိုင်းမှာတည်းက မန်ယူအသင်းအခွင့်အရေးတွေရပါတယ်။ မာတီနက်ဇ် ကာကွယ်နေတာနဲ့ အသုံးမချနိုင်တာတွေကများလို့သာ ဂိုးမဖြစ်ခဲ့တာပါ။ ဒီလိုအချိန်မှာပဲ ဗီလာအသင်းက ဂိုး(၂)ဂိုးကို လွယ်လွယ်ကူကူရသွားပြီး ပွဲချိန်(၂၁)မိနစ်နဲ့ (၂၆)မိနစ်တွေမှာ မက်ဂင်း နဲ့ ဒန်ဒွန်ကာ တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဒီလိုနဲ့ ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက ပိုကောင်းလာခဲ့ပါတယ်။ ပိုကောင်းလာခဲ့ရတဲ့ အကြောင်းအရင်းကတော့ အရင်က ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်ကစားတဲ့ ပုံစံကိုပြန်ရသွားခဲ့လို့ဖြစ်ပြီး အသင်းနဲ့အဆင်ပြေတဲ့ ဒီကစားဟန်ကသာ အသင်းအတွက် နိုင်ပွဲတစ်ပွဲဆီ ခေါ်ဆောင်သွားခဲ့တာပါ။ ကစားသမားတွေလည်း နိုင်ပွဲတစ်ပွဲရဖို့ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစားသွားခဲ့ပြီး ဗီလာအသင်း တောင့်ခံထားနိုင်ခြင်းမရှိတော့ပဲ ဂိုးတွေဆက်တိုက် ခွင့်ပြုခဲ့ရပါတယ်။ ပွဲချိန်(၅၉)နဲ့ (၇၁)မိနစ်တွေမှာ ဂါနာချို ၊ ပွဲချိန် (၈၂)မိနစ်မှာ ဟွိုင်းလွန် က သူ့ရဲ့ မန်ယူကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို သွင်းယူကာ မန်ယူအသင်းကို (၂)ဂိုးအရှုံးကနေ အနိုင်ပြန်ရစေခဲ့တဲ့ Comeback နိုင်ပွဲကို ရရှိစေခဲ့ပါတယ်။ 

ဒီနိုင်ပွဲကြောင့် Boxing Day ဆို ရလဒ်ကောင်းတယ်ဆိုတဲ့ အစဥ်အလာကိုဆက်ထိန်းသွားခဲ့သလို နည်းပြတန်ဟက် လည်း ဖိအားအနည်းငယ်လျှော့ချနိုင်ခဲ့ပြီး လာမယ့်ပွဲတွေမှာလည်း ပုံစံကောင်းကိုဆက်ပြနိုင်မယ့် အနေအထားတွေကို ခံစားခဲ့ရပါတယ်။

အိမ်ကွင်းမှာ ချယ်လ်ဆီးကို လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ အာဆင်နယ်

ချယ်လ်ဆီးကတော့ မန်စီးတီးနဲ့ပွဲက ခြေစွမ်းနဲ့တခြားစီဖြစ်ခဲ့ပြီး တော်တော်လေးကို ကစားပုံ ညံ့ဖျင်းခဲ့ပါတယ်။

Read More
ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဗီနီစီယက်စ်

စာချုပ်သစ်ရဲ့စာချုပ်လျော်ကြေးကတော့ ယူရို (၁)ဘီလီယံ ဖြစ်ပါတယ်။

Read More
UEFA Men's Player of the Year ဆုအတွက် ဆန်ခါတင် စာရင်းထွက်ပေါ်

အခုတစ်ကြိမ်မှာတော့ ဘယ်သူရမလဲဆိုတဲ့ ရေပန်းစားမှုသိပ်မရှိပဲ ဒီဘရိုင်းနား ဟာလန်း အတွဲနဲ့ မက်ဆီ က အပြိုင်ဆိုသလို ဖြစ်နေပါတယ်။

Read More
ဂါလာတာစာရေး - မန်ယူ ပွဲကြိုသုံးသပ်ချက်

(၂)သင်းလုံးအတွက် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။

Read More
မန်စီးတီး ကနေထွက်ဖို့ရှိနေတဲ့ ကယ်ဗင်ဖိလစ်

မန်စီးတီးမှာ ပျောက်ဆုံးနေပြီး ရုန်းကန်နေရတဲ့ ကယ်ဗင်ဖိလစ် ကို ဂွါဒီယိုလာ လည်း မကူညီနိုင်ပါဘူး။

Read More