ခြေစွမ်းမှန်ပြန်ရလာတဲ့ ဟာဗက်ဇ်

Published 11 months ago by Bawlonelive

ခြေစွမ်းမှန်ပြန်ရလာတဲ့ ဟာဗက်ဇ်

--------------------------------- 

ဒီရာသီ အာဆင်နယ်မှာ အဝေဖန်ခံရဆုံးကစားသမား ဟာဗက်ဇ် ဟာ​ ချယ်လ်ဆီးကနေ အာဆင်နယ် အပြောင်းမှာ အဆင်ပြေဖို့တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အစပိုင်းမှာတော့ ပုံမှန်ပွဲထွက်ရနေပေမယ့်နောက်ပိုင်းမှာ အရန်ခုံထိုင်ရတဲ့ အထိတောင်ဖြစ်သွားပါတယ်။ ဒီလိုအချိန်မှာ နည်းပြအာတီတာက ဟာဗက်ဇ် ကို ယုံကြည်မှုအပြည့်ပေးပြီးတဖြည်းဖြည်းနဲ့ အဆင်ပြေအောင်လုပ်ယူသွားခဲ့ပါတယ်။ 

" သူက ပိုပိုကောင်းလာပါတယ်။ယုံကြည်မှုလည်းပိုရှိလာပါတယ်။သူရဲ့ဂိုး (၂)ဂိုးလုံးက အရမ်းရေးကြီးတဲ့ ဂိုးတွေပါ။ ဘာလို့လဲဆိုတော့တစ်ဂိုးက ပွဲကိုအနိုင်ရခဲ့ပြီး မနေ့ကဂိုးကတော့ အဖွင့်ဂိုးဖြစ်လို့ပါပဲ။အသင်းနဲ့ပါဝင်ပတ်သက်မှုမှာလည်းသူတကယ်ကို ကောင်းနေပါတယ် " 

ဒါကတော့ အာတီတာ ရဲ့ပြောစကားတွေဖြစ်ပြီး ဟာဗက်ဇ် ခြေစွမ်းကောင်းတွေနဲ့ပြန်လာတာကို ပျော်ရွှင်ဝမ်းသာနေပုံပါ။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာသူ့ရဲ့အနိုင်ဂိုးကြောင့် အာဆင်နယ်အမှတ်ပေးဇယားထိပ်ဆုံးကို တက်နိုင်ခဲ့သလို ချန်ပီယံလိဂ် လန်းစ်နဲ့ပွဲမှာလည်း သွင်းဂိုး (၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။မှန်ကန်တဲ့ ယုံကြည်မှုတစ်ခုကိုပြန်ရသွားပြီး အရင်လိုပြန်ဖြစ်လာခဲ့ပါပြီ။

ဖိအားတွေများနေတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာလည်း မန်စီးတီးက (၁)ပွဲပဲနိုင်ထားတာပါ။

Read More
အနိုင်ကို စာလုံးပေါင်းပြမှပဲ ရတော့မယ်

ဘိုင်ယန်ကို နိုင်ခဲ့တဲ့အသင်းကို သရေရခဲ့တာဆိုပြီး ဂုဏ်ယူကောင်းလည်း ဂုဏ်ယူနေနိုင် ပါတယ်။

Read More
ကင်ဗင်ဖီလစ် အနာဂတ် အဖြေပေါ်တော့မယ်

ဒီ ဇန်နဝါရီမှာ မဖြစ်မနေကို အဖြေထွက်ရမယ့်အနာဂတ်တစ်ခုရှိနေပါတယ်။

Read More
ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေထွက်ပေါ်

စပိန်ကလပ်အသင်း (၄)သင်း (၁၆)သင်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Read More
စပါးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ မန်ယူ

ခံစစ်ကနေ တောက်လျှောက် တိုက်စစ်ထိ ဗန်ဒီဗန် ရဲ့ဆွဲထွက်မှုကို ခွင့်ပြုခဲ့ရပြီး သူ့ရဲ့ဖန်တီးမှုကနေ ဂျွန်ဆင် က ပွဲအစ (၃)မိနစ်မှာတင် စပါးကို ဦးဆောင်စေခဲ့ပါ...

Read More