ဟွိုင်းလွန် ကို အပြည့်အဝယုံကြည်ထားတဲ့ တန်ဟက်
-----------------------------
နည်းပြတန်ဟက် က ဟွိုင်းလွန်ကို မန်ယူအသင်းဆီ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ခေါ်ခဲ့တာဖြစ်ပါတယ်။အသင်းက စရောက်ခါစက ဟွိုင်းလွန် ကြိုးစားပေမယ့်ကံသိပ်မလိုက်တဲ့ အချိန်တွေလည်းရှိခဲ့ပါသေးတယ်။
ရာသီတစ်ဝက် အပြီးမှာတော့သူဘာလုပ်ရမလဲဆိုတာကိုသိလာခဲ့ပြီး အဲဒီအချိန်ကစကာသွင်းဂိုးတွေဆက်တိုက်ဆိုသလိုဖြစ်လာခဲ့ပါတော့တယ်။
" ကျွန်တော်တို့ ဟွိုင်းလွန် ကိုယုံကြည်ပါတယ်။ သူ့ရဲ့ စရိုက်ကြောင့် ကျွန်တော်တို့ သူကိုခေါ်ယူခဲ့တာပါ။ သူသန်မာတာကို ကျွန်တော်သိပါတယ်။ သူကဖိအားတွေအောက်မှာ ကောင်းကောင်းစွမ်းဆောင်နိုင်တယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှုးမှာဒီလိုအရာလိုပါတယ်။ သူကယုံကြည်မှုအပြည့်ရှိတယ်။ သူဂိုးတွေထပ်သွင်းဦးမယ်လို့ ကျွန်တော်ပြောရဲပါတယ် "
ဟွိုင်းလွန် ကလည်း နည်းပြရဲ့ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေကို အခုဆိုပြသနေပါပြီ။လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၃)ဂိုးသွင်းယူပေးထားပြီး ဒီရာသီမှာသွင်းဂိုး (၂၀)လောက်တော့မျှော်မှန်းလို့ ရနေပါတယ်။
ဒုတိယပိုင်း ပွဲချိန်အများစု ၊ အချိန်ပို နာရီဝက်တွေကို အဝေးကွင်းမှာ တောင့်ခံနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က ကောင်းတယ်ဆိုတာထက်ပိုပါတယ်။
Read More" စတန်းဖို့ဒ်ဘရစ်ချ် က အန်ဇိုဖာနန်ဒက်ဇ် ခြေရာများ "
Read More(၂)သင်းလုံးရဲ့ ခြေစွမ်းကလည်း ကောင်းနေလို့ မှန်းဆရခက်ခဲတဲ့ ပွဲတစ်ပွဲ အဖြစ်လည်းရှိနေပါတယ်။
Read Moreနိုင်ပွဲလိုအပ်နေတဲ့ မန်ယူအသင်းကတော့ ပွဲစတာနဲ့ ချယ်လ်ဆီးကို ဆက်တိုက် ဆိုသလို တိုက်စစ်ဆင်ကစားခဲ့တာပါ။
Read Moreမနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
Read More