ပရီးမီးယားလိဂ် ပွဲစဥ်(၂)မှာတင် စရှုံးတဲ့ မန်ယူ

Published 1 year ago by Bawlonelive

ပရီးမီးယားလိဂ် ပွဲစဥ်(၂)မှာတင် စရှုံးတဲ့ မန်ယူ

-------------------------------------- 

စပါး ၂ - ၀ မန်ယူ 

ဒီပွဲမှာ စပါးက သိပ်ပြီးများများစားစား ပြောစရာမရှိပါဘူး။ သူ့လုပ်ရမယ့် အလုပ်ကို နိုင်နင်းအောင်လုပ်တယ်။ ဒီတော့လည်း လိုအပ်တဲ့ရလဒ်ကို ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးကောင်းလားဆိုရင်တော့ ပုံမှန်ပါပဲ။ မန်ယူကို က ညံ့ခဲ့တာပါ။ 

လက်ရှိမန်ယူဟာ မနှစ်က မန်ယူကိုတောင် မမီသေးပါဘူး။ ဖြစ်ချင်တာကို အတင်းလုပ်နေတဲ့ တန်ဟက် ၊ ကျချင်သလိုဖြစ်လာတဲ့ ကက်စ်မဲရိုး ၊ ပျောက်ဆုံးနေကြတဲ့ ဂါနာချို နဲ့ ရက်ရှ်ဖို့ဒ် ၊ အဆင်ပြေအောင် ကြိုးစားနေပေမယ့် အဆင်မပြေသေးတဲ့ မေဆန်မောင့် တို့ကြောင့် မန်ယူဟာ ဘယ်လိုမှအဆင်ပြေမနေခဲ့ပါဘူး။ 

အဓိက ကတော့ နည်းပြတန်ဟက်ဖြစ်ပြီး သူဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်နေတာကို ဆင်ခြင်သင့်ပါပြီ။ လာမယ့် ပွဲတွေမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို သူပိုလုပ်ရပါလိမ့်မယ်။ အပြောင်းအလဲတွေကတော့ ကွင်းလယ် နဲ့ တိုက်စစ်မှာလုပ်ရမှာဖြစ်ပြီး ကက်စ်မဲရိုး မေဆန်မောင့် အတွဲနဲ့ ဘယ်လိုရှေ့ဆက်မလဲ ဆိုတာက အရင်ဆုံးအဖြေရှာရမယ့် ကိစ္စပါပဲ။ 

ကက်စ်မဲရိုး နဲ့ မေဆန်မောင့် တို့ဟာ အလွယ်ပြောရရင် တိုက်စစ်ကိုအတူပါသွားကြပြီး တန်ပြန်တိုက်စစ်ဆင်ခံရချိန်မှာတော့ ကွင်းလယ်မှာ ရှိမနေကြတော့ပါဘူး။ ဝုလ်ဗ်နဲ့ ပွဲမှာ ဒီအနေအထားကိုမြင်ခဲ့ရသလို အခုစပါးအသင်းရခဲ့တဲ့ ပထမဂိုးကလည်း ဒီအခြေအနေကနေ ရခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်က အပေါက်ကြီးဖြစ်ဖြစ်သွားပြီး ဒီပုံစံနဲ့ရှေ့ဆက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ 

စပါးအသင်းအတွက်သွင်းဂိုးတွေကိုတော့ ပွဲချိန်(၄၉)မိနစ် ဆာ ၊ ပွဲချိန်(၈၃)မိနစ်မှာ မာတီနက်ဇ် က ကိုယ့်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ ဂါနာချို ရဲ့ကန်ချက် ပယ်နယ်တီဧရိယာထဲမှာ ရိုမဲရိုး လက်နဲ့ ထိခဲ့ပေမယ့် ပယ်နယ်တီမပေးခဲ့တာကလည်း မန်ယူအသင်းအတွက် နစ်နာခဲ့ရပါတယ်။

မန်ချက်စတာဒါဘီ က ပျင်းစရာကောင်းသွားပြီ

မန်စီးတီး ခြေနည်းနည်းကျနေချိန်မှာတောင် အိမ်ကွင်းမှာ မန်ယူက ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ဘူး။

Read More
ကောင်းကောင်း ကစားနိုင်ရင်တောင် မနိုင်တော့တဲ့ မန်ယူ

အခုအနေအထားက မန်ယူနဲ့ ကစားတဲ့ အသင်းမှန်သမျှရလဒ်ကောင်းပါလိမ့်မယ်။

Read More
ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အန်ဆယ်လော့တီ

အစောပိုင်း အနေအထားတွေအရကတော့ ရာသီကုန်မှာ အန်ဆယ်လော့တီ က ဘရာဇီးလ်အသင်းဆီ သွားကိုသွားမှာပါ။

Read More
ဝက်စ်ဟမ်းကို ပြောင်းမယ့် ကယ်ဗင်ဖိလစ်

ဆေးစစ်မှုတွေကိုတော့ ဒီနေ့ (ဗုဒ္ဓဟူး)မှာပြုလုပ်သွားမှာဖြစ်ပါတယ်။

Read More
အာဆင်နယ် ကွာတားဖိုင်နယ်တက်ပြီ

ဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။

Read More