UEFA Men's Player of the Year ဆုကို ရရှိခဲ့တဲ့ဟာလန်း
--------------------------------------------
၂၀၂၂ - ၂၀၂၃ ဘောလုံးရာသီအတွက် UEFA Men's Player of the Year ဆုကို မန်စီးတီး တိုက်စစ်မှုး ဟာလန်း က ရရှိခဲ့ပါတယ်။ မက်ဆီ လည်း ဒီဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေလို့ ဟာလန်း အတွက် စိုးရိမ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဟာလန်း ကသာ ဒီဆု ကိုအရယူနိုင်ခဲ့တာပါ။
မဲပေးရွေးချယ်မှုမှာတော့ မက်ဆီ က ဒုတိယ ၊ ဒီဘရိုင်းက တတိယဖြစ်တာကြောင့် ဟာလန်း က မက်ဆီ ကို ကျော်ဖြတ်ပြီး UEFA Men's Player of the Year ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ သိပ်မကြာခင် ရက်ပိုင်းက ဟာလန်း ဟာ PFA Players' Player of the year ဆုကို ရယူထားတာကြောင့် ဒီရက်ပိုင်းကတော့ သူ့အတွက်ချိုမြိန်တဲ့ နေ့ရက်တွေပါပဲ။ ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့ပြီး ဆုဖလား(၃)လုံးထိ ရယူနိုင်ခဲ့တာကြောင့် အခုလိုမျိုး တစ်ဦးချင်းထူးချွန်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
" ကျွန်တော် ဘာများပြောနိုင်မလဲ ? ကျွန်တော်က ဖလား(၃)လုံးအောင်မြင်မှုကို အသက်(၂၂)နှစ်နဲ့ ရခဲ့တာပါ။ အိမ်မက်ထဲမှာ ရှင်သန်နေရသလိုမျိုးပေါ့ " လို့ ဟာလန်း က ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်း မရှိတော့တဲ့ စပါးအသင်းက အရင်လိုမဟုတ်တော့တာ အမှန်ပါ။
Read Moreဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။
Read Moreလက်ရှိမန်ယူဟာ မနှစ်က မန်ယူကိုတောင် မမီသေးပါဘူး။
Read Moreဘာပေ PSG ကသာထွက်ရင် ပြောင်းမယ့်အသင်းက ရီးယဲလ်သာဖြစ်လို့ဒီလိုသတင်းထွက်လာတာ ဘာမှတော့မဆန်းပါဘူး။
Read Moreမန်ယူအသင်းဘက်မှာ ကံတရားရှိတယ်ဆိုပေမယ့် ခြေစွမ်းမှာတော့ မန်စီးတီးက ပိုသာပါတယ်။
Read More