အီတလီစူပါဖလား ကိုရခဲ့တဲ့ အင်တာမီလန်
------------------------------
ဒီနေ့ မနက်အစောပိုင်းက ယှဥ်ပြိုင်ကစားခဲ့တဲ့ အီတလီစူပါဖလား ပွဲမှာတော့ နာပိုလီ ကို အင်တာမီလန် က(၀-၁)နဲ့ နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာအင်တာမီလန် က နာပိုလီ ကိုခြေစွမ်းအသာနဲ့ ကစားသွားခဲ့တာပါ။
အခွင့်အရေးတွေလည်း အများကြီးရခဲ့ပေမယ့် လွဲချော်မှုတွေများနေလို့သာ အင်တာမီလန်အသက်း စောစောစီးစီးဂိုးမရခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲစဥ်ဖြစ်ခဲ့ပေမယ့်အင်တာမီလန်အသင်းရဲ့ ဂိုးပေါက်ကန်သွင်းချက်က (၂၂)ကြိမ်ထိတောင်ရှိခဲ့တာပါ။ဒီပွဲရဲ့ ပွဲချိန်မိနစ် (၆၀)မှာလည်းနာပိုလီ တိုက်စစ်မှုး ဆီမြွန်နီ(၂)ဝါ (၁)နီနဲ့ အထုတ်ခံခဲ့ရပါသေးတယ်။
အင်တာမီလန်အသင်းမှာကပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ကစားသမား နဲ့ တိုက်စစ်အားမြှင့်တင်လို့ရတဲ့ ကစားသမားတွေရှိနေတာကြောင့်အခုလိုနိုင်ပွဲရခဲ့တာပါ။ အင်တာမီလန်အတွက် အနိုင်ဂိုးကိုတော့ တစ်ပွဲလုံးအကောင်းဆုံးကစားနေတဲ့ အသင်းခေါင်းဆောင် မာတီနက်ဇ် က ပွဲချိန်(၉၁)မိနစ်မှာ ပါဗာ ချိုးပေးလိုက်တဲ့ ဘောလုံးကိုအပိုင်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဘက်နှစ်ကာလတွေအတွင်းမှာတော့ အင်တာမီလန်အသင်းက အီတလီစူပါဖလားကို လွှမ်းမိုးထားတယ်လို့ပဲ ပြောရမှာဖြစ်ပြီး ၂၀၂၁ ၊ ၂၀၂၂ ၊ ၂၀၂၃(၃)နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လင်ဂမ် ကို ကြည့်ရတာ ဇီဒန်းနဲ့ ကာကာ ပေါင်းစပ်ထားသလိုပါပဲ။
Read Moreနည်းပြတန်ဟက် လည်း ဖိအားအနည်းငယ်လျှော့ချနိုင်ခဲ့ပါတယ်။
Read Moreဘာပေ PSG ကသာထွက်ရင် ပြောင်းမယ့်အသင်းက ရီးယဲလ်သာဖြစ်လို့ဒီလိုသတင်းထွက်လာတာ ဘာမှတော့မဆန်းပါဘူး။
Read Moreပွဲချိန်မိနစ် (၆၀)နောက်ပိုင်းမှာတော့ ပွဲကို လီဗာပူးလ်က စိုးမိုးသွားခဲ့ပြီး မန်စီးတီးကွင်းလယ်လုံးဝကို ပျက်သွားပါတော့တယ်။
Read More" တနင်္ဂနွေည ကို ဖုံးလွှမ်းသွားတဲ့ ဒါဝင်နူးနက်ဇ် အသံတွေ "
Read More