မန်ယူ - လီဗာပူးလ်
Super Sunday ည (၁၀:၀၀) နာရီ
မန်ယူအသင်းရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် အရေးကြီးတဲ့ပွဲဖြစ်လို့ ရလဒ်ကောင်းဖို့လိုပါတယ်။ ဒီပွဲမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေဖြစ်တဲ့ ဟွိုင်းလွန် ၊ မက်ဂွိုင်းယား ၊ ဘစ်ဆာကာ ၊ မေဆန်မောင့် တို့ပြန်ပါလာကြမှာဖြစ်လို့ အသင်းရဲ့ လူစာရင်းပိုင်းကတော့ ပိုတောင့်တင်းနေပါတယ်။ ဒီတော့ ဒီပွဲမှာရလဒ်ကောင်းတစ်ခုကိုမျှော်လင့်ခွင့်ရှိနေပါတယ်။ ဒီရာသီမှာ Top 3 စာရင်းဝင်အသင်းတွေဆို လုံးဝမနိုင်သေးဘူးဆိုတဲ့ အချက်ကလည်း နည်းပြတန်ဟက်နဲ့ ကစားသမားတွေဖြေရှင်းရမယ့် ပုစ္ဆာပါပဲ။ FA ဖလားဆို အိုးထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးလ်နဲ့ ကစားရင် ရလဒ်ကောင်းရတယ်ဆိုတာကတော့ ဒီပွဲစဥ်အတွက် မန်ယူအသင်းရဲ့ အားတက်စရာအချက်တစ်ခုပဲ ဖြစ်ပါတယ်။
လီဗာပူးလ်ကတော့ တကယ်ကိုကောင်းပါတယ်။ ပြိုင်ပွဲစုံကစားနေလို့လည်း ပွဲပန်းမှုဒဏ်ရှိနိုင်တာကိုတော့ ထည့်တွက်ရမှာပါ။ လီဗာပူးလ်က ကောင်းကောင်းကြီးရှေ့ဆက်နေပြီး မန်စီးတီးကိုလည်း အသာကစားထားလို့ ဒီပွဲမှာ အနိုင်ရဖို့ရေပန်းစားနေတာက ပုံမှန်အနေအထားပါပဲ။ ရှေ့ ၊ လယ် ၊ နောက် ၊ ဂိုး နေရာစုံကောင်းတယ်။ စွမ်းဆောင်ရည်ကောင်းတွေပြနေတဲ့ အန်ဒို မန်ယူကွင်းလယ်ကို အသာယူနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ လီဗာပူးလ်က ပြိုင်ပွဲစုံကစားနေရပြီး ဒဏ်ရာတွေလည်းရှိနေသေးလို့ ဒီပွဲမှာလူတော့ ချန်လာတာမျိုးတွေလုပ်လာနိုင်ပါတယ်။
ဒီပွဲအတွက် ရလဒ်ခန့်မှန်းမှုအပိုင်းမှာတော့ နည်းလမ်းကျကျနဲ့ လီဗာပူးလ်ကိုပဲ ရွေးရမှာပါ။ လီဗာပူးလ် နိုင်မယ်။ (၁-၂)လောက်ဖြစ်နိုင်ပါတယ်။
အာဆင်နယ်အသင်း ပွဲပန်းမှုဒဏ်ကို ခံရနိုင်တာကို ထည့်စဥ်းစားဖို့လိုပါတယ်။
Read Moreလီဗာပူးလ်ကနေ ဘာစီလိုနာ ပြောင်းခဲ့တာက အခုလိုဖြစ်ရခြင်းတွေရဲ့ မြစ်ဖျားခံရာပါပဲ။
Read Moreဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကတော့ ဖြစ်ချိန်တန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ဖို့က ဖြစ်ကို ဖြစ်လာတယ် ဆိုတာပါပဲ။
Read More" အဲရစ်တန်ဟက် ကမ္ဘာထဲက ကြေကွဲသံစဥ် "
Read Moreဒုတိယပိုင်း မိနစ်(၇၀)မှာတော့ ဟွိုင်းလွန် ကို ဆန်းချက်ဇ် ဆွဲလှဲခဲ့လို့ မန်ယူ ပယ်နယ်တီရခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပါတယ်။ မန်ယူရဲ့ အပျော်က သိပ်မခံလ...
Read More