မန်ယူ - ကိုပင်ဟေဂင် ပွဲကြိုသုံးသပ်ချက်

Published 11 months ago by Bawlonelive

မန်ယူ - ကိုပင်ဟေဂင်

ဗုဒ္ဓဟူးမနက် (၁:၃၀)နာရီ 

မန်ယူအသင်းအတွက် အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဥ်ပဲဖြစ်ပါတယ်။ အရှေ့ (၂)ပွဲမှာ ရှုံးထားလို့ ဒီပွဲမှာ နိုင်ကိုနိုင်မှရမှာပါ။ ပရီးမီးယားလိဂ် (၂)ပွဲဆက်နိုင်ထားတာကြောင့် အရင်ကထက်ပိုတည်ငြိမ်လာပြီလို့တော့ ပြောရပါလိမ့်မယ်။လိုအပ်ချက်တွေရှိနေသေးပေမယ့် ဒီလိုပွဲမျိုးမှာတော့ မန်ယူအသင်းရလဒ်ကောင်းယူနိုင်မယ်လို့လည်းထင်ပါတယ်။အိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်။နည်းပြတန်ဟက် မှန်ကန်တဲ့ လူစာရင်းကိုသာ ပွဲထုတ်လာခဲ့ရင် မန်ယူအသင်းအတွက် ခက်ခဲမယ့်ပွဲ ဖြစ်စရာ ဘာအကြောင်းမှမရှိပါဘူး။ချန်ပီယံလိဂ်မှာ ဂိုးသွင်းခြေတွေ့နေတဲ့ တိုက်စစ်မှုး ဟွိုင်းလွန် ကိုတော့ ဒီပွဲမှာ အဓိကထားပြီး စောင့်ကြည့်သွားရပါလိမ့်မယ်။ 

ကိုပင်ဟေဂင် ကတော့ ဒီအုပ်စုမှာ အားအနည်းဆုံးဖြစ်ပေမယ့် ရမှတ်(၁)မှတ်တော့ရထားပါတယ်။သူတို့ရဲ့ အနေအထားက နောက်တစ်ဆင့်တက်ဖို့ထက်ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်သွားဖို့ကိုပဲ ပိုအားထားရမှာပါ။ ဒိန်းမတ်လိဂ်ကိုလည်း ဦးဆောင်နေတာကြောင့် အသင်းရဲ့ ခြေစွမ်းကမဆိုးလှပေမယ့် ကိုယ့်ထက်ပိုသာတဲ့ အသင်းတွေကိုတော့ ယှဥ်ကစားဖို့ ခက်ခဲနေတုန်းပါပဲ။ ဒီပွဲမှာ ကိုပင်ဟေဂင် အနေနဲ့ အမြင့်ဆုံးသရေလောက်သာ မျှော်လင့်သင့်ပါတယ်။ 

ချန်ပီယံလိဂ် (၂)ပွဲဆက်အရှုံးကနေ မန်ယူအသင်းပြန်လာမယ့် ပွဲလို့ပဲ ယူဆပါတယ်။ မန်ယူနိုင်မယ်။ မန်ယူ ၂-၀ ကိုပင်ဟေဂင် လောက်ဖြစ်နိုင်ပါတယ်။

မန်စီးတီး - အာဆင်နယ် ကွန်မြူနတီဒိုင်း ပွဲကြိုသုံးသပ်ချက်

မနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

Read More
မန်ယူ - ကိုပင်ဟေဂင် ပွဲကြိုသုံးသပ်ချက်

အိမ်ကွင်းအားကလည်း မန်ယူအသင်းအတွက် ကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေပါလိမ့်မယ်

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၂၅)

" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် " 

Read More
မာဆေးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘာပေ

ဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။

Read More
နိုင်သင့်ခဲ့ပေမယ့် မနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် က အပေါ်အသင်းလိုကစားပြီး ဘိုင်ယန်မြူးနစ်က အောက်အသင်းလိုကစားသွားခဲ့ရတာပါ။

Read More