မန်ယူ - ချယ်လ်ဆီး
ကြာသပတေးမနက် (၂:၄၅)နာရီ
မနှစ်က ခက်ခဲနေတုန်းက အောင်မြင်ခဲ့တဲ့ ဗဟိုနောက်ခံလူမေရာ လုခ်ရှော ကိုထားကစားချင်ရင် ဘယ်နောက်ခံနေရာမှာ ရီဂွယ်လ်လွန် ကိုသုံးသင့်ပါတယ်။ မိုင်နူး အမ်မရာဘတ် ကွင်းလယ်အတွဲကိုပိုသုံးသင့်ပြီး အန်တိုနီ ဂါနာချို နဲ့ အထောင်တိုက်စစ်နေရာမှာ ရက်ရှ်ဖို့ဒ် ကိုသုံးပြီး ပြီးခဲ့တဲ့ရာသီက ပုံစံမျိုးပြန်လုပ်သင့်ပါတယ်။ မနှစ်ကကောင်းခဲ့သလို ဖလားတစ်လုံးရခဲ့တာကြောင့် အားရစရာတွေရှိခဲ့ပေမယ့် ဒီရာသီမှာက ပြောင်းပြန်ဖြစ်နေတာပါ။ အာဆင်နယ် လီဗာပူးလ် တို့ ဒီနေ့လိုဖြစ်လာဖို့ အချိန်အများကြီးယူခဲ့ရတာကြောင့် စိတ်ရှည်သင့်တယ်လို့လည်းမြင်ပါတယ်။ တန်ဟက် က အခုမှ တစ်ရာသီခွဲပဲရှိသေးတာကြောင့် ယုံကြည်မှုပေးပြီး စိတ်ရှည်သင့်ပါတယ်။
ချယ်လ်ဆီးက တော်ရုံ အသင်းဆိုနိုင်တယ်ဆိုတဲ့ ယုံကြည်မှု တစ်ခုရှိနေပါပြီ။ အသင်းကြီးတွေနဲ့ဆို နိုင်လေ့ရှိတဲ့ ချယ်လ်ဆီးနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ လက်ရှိအစုအဖွဲ့က မန်ယူကိုအေးဆေးယှဥ်နိုင်ပါတယ်။ ပြောရရင်ခြေစွမ်းက မန်ယူထက်တောင်ပိုသာနေတာပါ။ အန်ကွန်ကူ အရန်စာရင်းမှာပါလာနိုင်တာကြောင့် တိုက်စစ်အတွက် ရွေးချယ်စရာတစ်ခုတိုးလာတာပါပဲ။ မန်ယူနဲ့ ယှဥ်ရင် ချယ်လ်ဆီးကအရာအားလုံးပိုကောင်းတယ်လို့ ခံစားမိပြီး ချယ်လ်ဆီး လုံးဝမရှုံးမယ့် ပွဲလို့မြင်ပါတယ်။
ဒီ(၂)သင်းကြားမှာရှိတဲ့ အချက်အလက်တစ်ခုကတော့ မန်ယူအသင်းက အိမ်ကွင်းမှာ ချယ်လ်ဆီးကို မရှုံးတာ ပရီးမီးယားလိဂ်(၁၀)ပွဲဆက်ရှိသွားခဲ့ပြီဖြစ်ပြီး (၂၀၁၃)တည်းကဖြစ်ပါတယ်။ ဒီပွဲရဲ့ အခြေအနေတွေက သရေဆီကိုဦးတည်နေတယ်လို့မြင်မိတာကြောင့် (၁-၁)လို့ ခန့်မှန်းချင်ပါတယ်။
ဂျာမနီ ၅ - ၁ စကော့တလန်
Read Moreဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read MorePSG ကနေ ထွက်ခဲ့တဲ့ အချိန်အရောက်မှာ ရာမို့စ် ရဲ့ အနာဂတ်ဟာ ဘယ်ကိုရောက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
Read Moreမန်စီးတီးကတောင် အနိမ့်ပိုင်းရောက်နေတဲ့ အချိန်တွေရှိခဲ့ပြီး အနိုင်ရလဒ်က ကံတရားဖေးမမှုလို့တောင် ပြောလို့ရပါတယ်။
Read Moreအသင်းပြောင်းချင်တယ်ဆိုတဲ့ သတင်းအမှားထွက်အပြီးမှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပိုမြင်နေရတာပါ။
Read More