တိုက်စစ်မှုးတွေ သုံးဖို့လိုပါတယ်

Published 1 month ago by Bawlonelive
တိုက်စစ်မှုးတွေ သုံးဖို့လိုပါတယ်
------------------------------------------
 
မန်ယူအသင်းနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့
အရာတွေကများပါတယ်။
 
ဒီအထဲမှာ အဓိကပြောခဲ့တာက အသင်း
မှာ တည်ငြိမ်တဲ့ ပွဲထွက်စာရင်းရှိဖို့လို
တယ်ဆိုတာပါ။
 
တစ်နေ့ရွှေ ၊ တစ်နေ့ငွေဖြစ်နေတဲ့အသင်း
မှာ တည်ငြိမ်မှုလေးတစ်ခုရှိရင် ရလဒ်တွေ
သိပ်မကောင်းရင်တောင် တည်တည်ငြိမ်
ငြိမ်လေး ဖြစ်နိုင်မယ်လို့ ယူဆမိလို့ပါပဲ။
 
ဒီတော့ စမ်းသပ်မှုတွေမလုပ်ပဲ မှန်ကန်တည်
ငြိမ်တဲ့ လူစာရင်းတစ်ခု ရှိဖို့လိုပါတယ်။
 
လက်ရှိမှာ အသင်းရဲ့ ပရီးမီးယားလိဂ်ရပ်
တည်မှု လုံးဝအားရစရာမကောင်းနေပေ
မယ့် အမော်ရင် ကတော့ စမ်းသပ်နေတုန်း
ပါပဲ။
 
ဒါကို လုံးဝ သဘောမကျပါဘူး။
 
ခရစ္စတယ်ပဲလေ့စ် ကို ရှုံးသွားတဲ့ပွဲမှာလည်း
တိုက်စစ်မှုး မပါပဲ ကစားသွားလို့ အသင်းရဲ့
ကစားပုံက အရှေ့ရောက်ရင် ဘာလုပ်လို့
ဘာကိုင်ရမလဲ မသိတဲ့ပုံဖြစ်သွားပါတယ်။
 
ဟွိုင်းလွန် နဲ့ ဇက်ဇီ တို့ ဂိုးရဖို့ ခက်နေကြ
တယ်ဆိုပေမယ့် အသင်းရဲ့ ကစားကွက်ပိုင်း
ပါဝင်မှုမှာတော့ အဆင်ပြေပြေရှိနေလို့ သူတို့
ကိုသုံးဖို့က လိုကိုလိုပါတယ်။
 
သူတို့ပါလာရင် အသင်းရဲ့ ကစားပုံက မနေ့က
ပွဲထက် ပိုတည်ငြိမ်တာကိုတော့ သတိထားမိကြ
ပါလိမ့်မယ်။
 
အမော်ရင် ကတော့ လိုတာထက်ပိုပြီး အဆန်း
ထွင်လွန်းတယ်လို့မြင်ပါတယ်။ အဆင့်ကလည်း
(၁၃)ကနေ မတက်လာတော့ပါဘူး။
 
အမော်ရင် မှ အမော်ရင် ဆိုသူတွေလည်း အပြစ်
စတင်လာကြပါပြီ။
 
နေရာတကာ ခေါင်းမာလွန်းတာကလည်း မကောင်း
ပါဘူး။
 
ကစားသမားတွေကို သူနေရာနဲ့ သုံးဖို့လိုပြီး အဆန်း
ထွင်တာမျိုးတွေ ထပ်မလုပ်ဖို့ကိုပဲ မျှော်လင့်ပါတယ်။
ဘယ်လင်ဂမ် တစ်ယောက်တည်းနဲ့ ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ ရီးယဲလ်

ဘယ်လင်ဂမ် လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားလို့သာ ရီးယဲလ် က ဘာစီလိုနာကို နိုင်ခဲ့တာဖြစ်ပါတယ်။

Read More
ယူရို (၂၀၂၄)ပြိုင်ပွဲ အဖွင့်ပွဲရလဒ်

ဂျာမနီ ၅ - ၁ စကော့တလန်

Read More
မန်ယူကိုနိုင်ပြီး အဆင့်(၁)ဖြစ်သွားတဲ့ အာဆင်နယ်

အာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။

Read More
စပါး - မန်ယူ ပွဲကြိုသုံးသပ်ချက်

ဟယ်ရီကိန်း မရှိတော့တဲ့ စပါးအသင်းက အရင်လိုမဟုတ်တော့တာ အမှန်ပါ။

Read More
ရာသီဝက်ချန်ပီယံ လီဗာပူးလ်

အခုလည်း ခြေမှန်နေတဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ပေးဂိုးမရှိ (၅)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

Read More