ဆုဖလားတစ်လုံး မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်သွားတဲ့ ဘိုင်ယန်မြူးနစ်

Published 1 year ago by Bawlonelive

ဆုဖလားတစ်လုံး မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်သွားတဲ့ ဘိုင်ယန်မြူးနစ်

------------------------------ 

ဘိုင်ယန်မြူးနစ် ၃ - ၀ လာဇီယို

(နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ဘိုင်ယန်မြူးနစ် နောက်တစ်ဆင့်တက်) 

ဒီရာသီ အသင်းအတွက် အရေးကြီးဆုံးပွဲကို ဘိုင်ယန်မြူးနစ် ကစားသွားခဲ့တာပါ။ မတည်ငြိမ်မှုတွေ ၊ ရုန်းကန်ရမှုတွေရှိခဲ့ပေမယ့် အရေးကြီးဆုံးပွဲမှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ လိုအပ်နေတဲ့ နောက်တစ်ဆင့်တက်ခွင့် လက်မှတ်ကို အရယူသွားခဲ့ပါတယ်။ လာဇီယို ကတော့ ပြိုင်ဘက်ကို ခက်ခဲအောင် လုပ်တတ်တာနဲ့ လွယ်လွယ်ကူကူ ရှုံးတတ်တာ (၂)ခုကြားပြေးနေခဲ့တဲ့ အသင်းဖြစ်ပြီး ဒီပွဲမှာတော့ လွယ်လွယ်ကူကူပဲ ရှုံးသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်တစ်သင်းလုံး ကောင်းခဲ့ပြီး ဒီလိုအခြေအနေမှာ လာဇီယို မယှဥ်နိုင်တော့တာ ဘာမှတော့မဆန်းပါဘူး။ အဓိကကတော့ လူမှန်နေရာမှန်ဖြစ်သွားခဲ့တာဖြစ်ပြီး ကင်မစ်ချ် က ညာနောက်ခံ ၊ မူလာ က နောက်ချန်တိုက်စစ် နဲ့ ဆာနေး ညာတောင်ပံမှာ ပါလာခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် က ဘိုင်ယန်မြူးနစ်ပြန်ဖြစ်သွားခဲ့ပါတယ်။ နည်းပြတူဟယ်လ် လည်း ကင်မစ်ချ် နဲ့ မူလာ တို့ရဲ့ စိတ်ဓာတ် နဲ့ အရေးပါပုံကို ပိုမြင်တွေ့ခဲ့ရပြီး ချန်ထားလို့မရတဲ့သူတွေဆိုတာကို နားလည်လောက်ပြီလို့ ထင်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အတွက် သူရဲကောင်းကတော့ သွင်းဂိုး (၂)ဂိုးသွင်းယူခဲ့တဲ့ ဟယ်ရီကိန်း ဖြစ်ခဲ့ပါတယ်။ သူလည်း ဆုဖလား လက်မဲ့မဖြစ်ချင်တော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသွားခဲ့တာပါ။ ပွဲချိန် (၃၈)မိနစ်မှာ ခေါင်းတိုက်အဖွင့်ဂိုး နဲ့ ပွဲချိန် (၆၆)မိနစ်မှာတော့ ဆာနေး ရဲ့ ဖန်တီးမှုကနေ အသင်းအတွက် တတိယမြောက်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ဒု​တိယဂိုးကိုတော့ မူလာ က ပွဲချိန် (၄၅+၂)မိနစ်မှာသွင်းယူခဲ့တာပါ။ 

ဒီတော့ (၂)ကျော့ပေါင်းရလဒ် (၃-၁)နဲ့ ဘိုင်ယန်မြူးနစ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပိုကောင်းတဲ့ အသင်းနောက်တစ်ဆင့်တက်နိုင်ခဲ့တာ ကျေနပ်စရာကောင်းပြီး တူဟယ်လ် လည်း ဖိအားအနည်းငယ်လျော့သွားခဲ့ပါတယ်။

PSG ကိုပြောင်းဖို့များနေတဲ့ အိုဆီမန်

PSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။

Read More
PFA Players' Player of the year ဆုကို ရရှိခဲ့တဲ့ ဟာလန်း

ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့တာပါ။

Read More
တည်ငြိမ်တဲ့ ပုံစံကိုအရင်ရှာဖွေရမယ်

ယိုရို က လူစားဝင်လောက်သာအဆင်ပြေနေသေးပြီး သူ့အတွက်နေရာတစ်ခုစမ်းချင်ရင်တော့ ဖလားပွဲတွေ နဲ့ ဖိအားသိပ်မရှိတဲ့ ယူရိုပါလိဂ်ပွဲတွေမှာသာ စမ်းသင့်ပါတယ်။

Read More
အနိုင်ကို စာလုံးပေါင်းပြမှပဲ ရတော့မယ်

ဘိုင်ယန်ကို နိုင်ခဲ့တဲ့အသင်းကို သရေရခဲ့တာဆိုပြီး ဂုဏ်ယူကောင်းလည်း ဂုဏ်ယူနေနိုင် ပါတယ်။

Read More
မန်ချက်စတာဒါဘီ က ပျင်းစရာကောင်းသွားပြီ

မန်စီးတီး ခြေနည်းနည်းကျနေချိန်မှာတောင် အိမ်ကွင်းမှာ မန်ယူက ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ဘူး။

Read More