ဘာစီလိုနာ ကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ PSG

Published 9 months ago by Bawlonelive

ဘာစီလိုနာ ကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ PSG

------------------------------ 

ဘာစီလိုနာ ၁ - ၄ PSG

( ၂ ကျော့ပေါင်း ၄-၆ နဲ့ PSG နောက်တစ်ဆင့်တက်) 

ဒီရှုံးပွဲကို ပုံဖော်ခဲ့တာက PSG မဟုတ်ပဲ ဘာစီလိုနာ လို့သာပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲကိုခံကစားဖို့ပဲ လုပ်လာပြီး PSG ကို ဘောလုံးပေးကိုင်ခဲ့လို့ပါ။ ပုံမှန်အတိုင်းသာဆို အိမ်ရှင်က စီးပြီးကစားရမှာဖြစ်ပေမယ့် ပထမအကျော့ရလဒ်ကို ထိန်းချင်စိတ်ကသာများနေခဲ့ပါတယ်။ ဒီတော့ PSG နောက်ကနေပဲ လိုက်ကစားခဲ့ပါတယ်။ ဒီလိုကစားနေပေမယ့် ဂိုးစရတာက ဘာစီလိုနာအသင်းဖြစ်ပြီး ယာမယ်လ် ရဲ့ တစ်ကိုယ်တော် တိုးအားကနေ ဂိုးရှေ့ဖြတ်ထည့်ပေးလိုက်တဲ့ ဘောလုံးကို ပွဲချိန် (၁၂)မိနစ်မှာ ရာဖင်ဟာ က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ 

(၂)ဂိုးသာသွားတဲ့ အချိန်မှာ ဘာစီလိုနာ က ပိုပိတ်ကစားသလိုဖြစ်သွားပြီး PSG ကတော့ ဂိုးတွေပြန်ရဖို့ကိုသာကြိုးစားနေခဲ့ပါတယ်။ ဒီနေရာမှာ အရေးပါသွားတာက PSG ရဲ့ ကစားကွက်တည်ဆောက်ပုံကောင်းတာ ၊ Play ပိုင်းကောင်းတာ ၊ တွဲလုံးတွေကောင်းတာ ၊ ဘောလုံးဦးနှောက်ကောင်းတဲ့ ဗီတင်ဟာ ၊ မန်ဒက်စ် တို့ရဲ့ အခင်းအကျင်းတွေကောင်းတာ နဲ့ တောင်ပံတိုက်စစ်တွေက ဖြတ်ဖြတ်ထွက်နိုင်အားကောင်းပြီး ဘာစီလိုနာ ခံစစ်အစွန်တွေကိုဖိအားပေးနိုင်တာတွေပါပဲ။ 

နောက်တစ်ခုကတော့ ဒမ်ဘီလီ ဖြစ်ပြီး အသင်းဟောင်းကို တစ်ချိန်လုံး ဒုက္ခပေးသွားခဲ့ပါတယ်။ ပွဲရဲ့အလှည့်အပြောင်းကတော့ PSG လူငယ်တောင်ပံတိုက်စစ်ကစားသမား ဘာကိုလာ ကို အာရူဟို လိုက်မမီတာက စခဲ့တာဖြစ်ပြီး နောက်ဆုံးနောက်ခံလူအနေနဲ့ ဆွဲလှဲခဲ့လို့ ပွဲချိန်(၂၉)မိနစ်မှာပဲ တိုက်ရိုက်အနီနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။ (၁၀)ယောက် (၁၁)ယောက်ဖြစ်သွားချိန်မှာ (၂)သင်းကြား ကွာခြားချက်ကြီးသွားခဲ့ပြီး PSG နိုင်အောင်ကစားဖို့ဆိုတာ မခက်တော့သလိုဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် မိနစ် (၄၀)မှာတော့ PSG ချေပဂိုးပြန်ရပြီး ဒမ်ဘီလီ က သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ဒုတိယပိုင်းကတော့ PSG စိတ်ကြိုက်ဖြစ်သွားပြီး ပွဲချိန်(၅၄)မိနစ်မှာ ဗီတင်ဟာ က ကောင်းမွန်တိကျတဲ့ အဝေးကန်ချက်နဲ့ ပွဲကို(၁-၂)ဖြစ်စေခဲ့ပါတယ်။ ဒီပွဲမှာ အပြစ်တင်ရမယ့် ကစားသမားကတော့ ကန်ဆယ်လို ဖြစ်ပြီး ဒမ်ဘီလီ ရဲ့ ဘောလုံးအစထုတ်ပုံများသွားတဲ့ အနေအထားမှာ လွှတ်ပေးလိုက်ရင်တောင်ရနေတာကို မဆင်ခြင်ပဲ အတင်းလိုက်ဖျက်တာကြောင့် PSG ကို ပယ်နယ်တီပေးလိုက်ရပါတယ်။ ဒီပယ်နယ်တီကို ဘာပေ က ပွဲချိန် (၆၁)မိနစ်မှာ အမှားအယွင်းမရှိကန်သွင်းယူခဲ့ပါတယ်။ PSG အတွက် စတုတ္ထဂိုးကိုလညိး ဘာပေ ကပဲ ပွဲချိန်(၈၉)မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာနဲ့တွေ့တိုင်း ခက်ခဲတတ်တယ်ဆိုတဲ့ အနေအထားကို ဒီတစ်ခါမှာတော့ PSG က ရပ်တန့်လိုက်တယ်လို့ပဲ ပြောရမှာပါ။ ဒီပွဲက ကြည့်ကောင်းတဲ့ ပွဲစဥ်တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ 

အခြားပွဲရလဒ် 

ဒေါ့မွန် ၄ - ၂ အက်သလက်တီကို

(၂)ကျော့ပေါင်းရလဒ် (၅-၄)နဲ့ ဒေါ့မွန် နောက်တစ်ဆင့်တက်

မန်ယူအသင်းကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ အမ်မရာဘတ်

မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့တဲ့ အထိ မန်ယူအသင်းဆီ အမ်မရာဘတ် က ပြောင်းရွှေ့ချင်ခဲ့တာပါ။

Read More
အီတလီစူပါဖလား ကိုရခဲ့တဲ့ အင်တာမီလန်

ဒီပွဲမှာအင်တာမီလန် က နာပိုလီ ကိုခြေစွမ်းအသာနဲ့ ကစားသွားခဲ့တာပါ။

Read More
PSG နဲ့အသံတွေထွက်နေတဲ့ ရက်ရှ်ဖို့ဒ်

စည်းကမ်းပိုင်းအားနည်းမှုကြောင့်အပြစ်ပေးခံထားရချိန်မှာ အချိန်ကိုက်ဆိုသလိုကို စိတ်ဝင်စားတဲ့သတင်းက ထွက်လာခဲ့တာပါ။

Read More
တစ်လတာအကောင်းဆုံး နည်းပြဆုကို ထပ်ရခဲ့တဲ့ ပိုစတီကိုဂလူး

ဒါကတော့ စပါးနည်းပြပိုစတီကိုဂလူး ဟာ နည်းပြရာထူးကနေ အစောဆုံးထုတ်ပယ်ခံရနိုင်တယ်ဆိုတာပါပဲ။

Read More
အက်သလက်တီကို မှာပဲ ဆက်ရှိနေမယ့် မိုရာတာ

ဒီတော့ အပြောင်းအရွှေ့ကာလရောက်ပြီဆို မိုရာတာ ဟာ အမြဲတမ်း အပြောင်းအရွှေ့သတင်းတွေထွက်ပါတယ်။

Read More