မန်ယူ - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

Published 6 months ago by Bawlonelive

မန်ယူ - အာဆင်နယ်

Super Sunday ည (၁၀:၀၀)နာရီ 

လက်ရှိမန်ယူအသင်းကတော့ အဆိုးတွေနဲ့သာပြည့်နေတာပါ။ ရာသီကုန်ခါနီးထိ ဒဏ်ရာမကုန်သေးတာကလည်း အသင်းကိုပိုဆိုးစေပါတယ်။ အခုချိန်ထိ အထိုင်လူစာရင်းတည်မရသေးတာကလည်း ရှုံးပွဲတွေများရခြင်းရဲ့ အကျိုးဆက်ပါပဲ။ ရှုံးပွဲတွေများလာချိန်မှာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းပါထိခိုက်လာလို့ ဒါကတော့ တန်ဟက် လုပ်သွားရမယ့်အရာပါ။ ရာသီကုန်ထိသာ အာမခံချက်ရထားလို့ တန်ဟက် အတွက်လည်း လက်ကျန်ပွဲတိုင်းက အရေးကြီးပါတယ်။ ဒဏ်ရာကနေ ပြန်လာတဲ့ ကစားသမားတွေလည်းရှိနေလို့ စိတ်ဓာတ်ကောင်းတစ်ခုသာ ပြနိုင်မယ်ဆို ရလဒ်ကောင်းဖို့ အခွင့်အရေးရှိပါတယ်။ 

အာဆင်နယ်ကတော့ ချန်ပီယံဖြစ်ချင်စိတ် အပြည့်နဲ့ကို ကြိုးစားနေတာပါ။ လက်ရှိမှာ မန်စီးတီးရလဒ်ကိုကြည့်ပြီး ကစားနေရလို့ သူတို့အတွက်လည်းမလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့အသင်းဖြစ်လို့ ချန်ပီယံမဖြစ်နိုင်ဘူးဆိုနေကြပေမယ့် ချန်ပီယံဖြစ်နိုင်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ အာဆင်နယ်က မန်ယူကွင်းမှာ ရလဒ်မကောင်းတတ်ဖူးဆိုပေမယ့် အတိတ်တုန်းက ဝီးတော့ ရဲ့ဂိုးနဲ့ မန်ယူကွင်းမှာ ချန်ပီယံဖြစ်ခဲ့တာကိုတော့ သတိရဖို့လိုပါတယ်။ 

ဒီပွဲအတွက် ခန့်မှန်းမှုမှာတော့ အာဆင်နယ် ကိုပဲကြိုက်ပါတယ်။ အာဆင်နယ်နိုင်တယ်။ (၀-၂)လောက်ဖြစ်နိုင်ပါတယ်။

မန်ယူမှာပဲရှိနေမယ့် မာစီယဲလ်

သူကတော့ အားလုံးရဲ့အချစ်တော လေတိုးရင်တောင်ဒဏ်ရာရတဲ့ အထာကြွယ်တဲ့မာစီယဲလ် ပဲ ဖြစ်ပါတယ်။

Read More
ဆော်ဒီကို ပြောင်းမှာမဟုတ်တဲ့ ဆန်ချို

ဆန်ချို ကို စိတ်ဝင်စားတဲ့ အသင်းက နည်းပြ ဂျရတ် ရဲ့ အယ်လ်အီတီဖတ်အသင်းဖြစ်ပြီး အငှားနဲ့ ခေါ်ချင်တယ်ဆိုတာပါ။

Read More
ချယ်လ်ဆီး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ဒီပွဲရဲ့ ရလဒ်ပိုင်းကတော့ ခန့်မှန်းရခက်ပါတယ်။

Read More
စပါးအသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ဗာနာ

ဗာနာ ဟာ စပါးအသင်းကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ရောက်လာခဲ့တာပါ။

Read More
ဆာလာ ပြန်လာပါပြီ

အားကိုးရတဲ့အဓိကကစားသမားပြန်လာတာ အားတက်စရာပါ။

Read More