ပထမပွဲတင် 0-0
-------------------------------
ယူရို နဲ့ ကိုပါအမေရိကဆို ကိုယ်တွေဆီ က ယူရိုကိုပိုအားသန်ကြလို့ ယူရိုကိုပဲ အချိန်တွေပိုပေးဖြစ်တာကတော့အမှန် ပါ။ ကိုပါအမေရိကမှာတော့ အချိန်တန်တော့ လည်း ဒီအသင်းတွေပဲ တက်မှာပဲလို့တွေး ထားတာကြောင့်လည်း ပါပါတယ်။
လက်ရှိ ကိုပါအမေရိကမှာတော့ ဘရာဇီးလ် ကို လူသိပ်ပြီးအထင်မကြီးပါဘူး။ အဓိကကတော့ လူစာရင်းစုဖွဲ့မှုပိုင်း အားနည်း လို့ပါပဲ။ ဒီလိုအချိန်မှာ ကွက်တိဆိုသလို ဘရာဇီးလ် က အဖွင့်ပွဲမှာ ကော်စတာရီကာနဲ့ ဂိုးမရှိသရေ ကျပါတယ်။ တိုက်စစ်ဦးဆောင်သူတွေဖြစ်တဲ့ ဗီနီစီယက်စ် နဲ့ ရိုဒရီဂို တို့လည်း ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ ကြပါဘူး။
နေမာ မပါရင် ဒီအသင်းက ဘာမှမဟုတ်ဘူး ဆိုတာကလည်း အပိုမဟုတ်တဲ့ စကားတွေပါပဲ။ ဘရာဇီးလ်ကိုစောင့်ကြိုနေတဲ့ ရှေ့လာမယ့်ပွဲ တွေကတော့ ပါရာဂွေး နဲ့ ကိုလံဘီယာ တို့ပါ။ ဘရာဇီးလ်အတွက် ပိုခက်ခဲဖို့ပဲရှိပါတယ်။ ဘရာဇီးလ်အသင်း အခုထက်ပိုကောင်းတဲ့ ပုံစံတစ်ခုကိုပြဖို့ လိုနေခဲ့ပါပြီ။
မန်ယူအသင်းစိတ်ဓာတ်ပိုင်းတက်နေတဲ့ အနေအထား ၊ ကစားရမှာက အိမ်ကွင်း စတာတွေကြောင့် ရမှတ်ခွဲယူမယ့်ပွဲ ပိုဖြစ်နိုင်တယ်လို့ယူဆပါတယ်။
Read Moreဒီဒဏ်ရာကို ပါရီဆစ် ဟာလေ့ကျင့်ရေးကွင်းမှာ ရခဲ့တာဖြစ်ပြီး ညာဘက်ဒူးမှာဖြစ်ခဲ့တာဖြစ်သလို ခွဲစိတ်ကုသမှု ခံယူသွားမှာလည်းဖြစ်ပါတယ်။
Read Moreမာရက်ဇ် ကို အယ်လ်အာလီအသင်းဟာ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
Read Moreအာဆင်နယ် က အပေါ်အသင်းလိုကစားပြီး ဘိုင်ယန်မြူးနစ်က အောက်အသင်းလိုကစားသွားခဲ့ရတာပါ။
Read Moreခြေစွမ်းမကောင်းခဲ့ပေမယ့် ရမှတ်မဆုံးရှုံးခဲ့တာက အာဆင်နယ်အတွက် အမြတ်ပါပဲ။
Read More