အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့ အန်တိုနီ
---------------------------------------
မန်ယူအသင်းရဲ့ ညာတောင်ပံတိုက်စစ်ကစားသမား အန်တိုနီ ရဲ့ချစ်သူဟောင်း ဂါဘရီလာ ကာဗယ်လင်း ဟာ အန်တိုနီ ကို ဘရာဇီးလ်တရားရုံးမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲထားပါတယ်။ သူမ ကိုယ်ဝန်ရှိနေချိန်အတွင်းမှာ အန်တိုနီ ဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့သလို ၊ လက်ကိုလည်း နာကျင်အောင် ပြုလုပ်ခဲ့ပြီး ဖန်ခွက်နဲ့ ပစ်ပေါက်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
ဒီအရာတွေရဲ့ အကျိုးဆက်အဖြစ် အခုဆို အန်တိုနီ ကို ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားပါတယ်။ မန်ယူအသင်းကိုလည်း တိုက်ရိုက်ဆက်နွယ်လာပြီဖြစ်ပြီး မန်ယူအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားဖို့ ဖိအားတွေရှိနေပါတယ်။
လက်ရှိအချိန်ကတော့ မန်ယူအသင်းအတွက် ကံဆိုးနေတဲ့ အချိန်လို့ပဲ ပြောရမှာပါ။ ဒဏ်ရာ အခြေအနေ ၊ အသင်းတွင်း ဖြစ်ရပ်တွေကြားမှာ လူမှုရေးကိစ္စတွေကပါ ခေါင်းခဲသလို ဖြစ်နေရပါတယ်။ အန်တိုနီ ကတော့ သူအပြစ်မရှိကြောင်း ပြောထားပြီး အဲဒီအတွက်လည်း ယုံကြည်မှုအပြည့်ရှိနေပါတယ်။
" မှန်းဆရခက်ခဲတဲ့ ပရီးမီးယားလိဂ် "
Read Moreဒီပွဲမှာအင်တာမီလန် က နာပိုလီ ကိုခြေစွမ်းအသာနဲ့ ကစားသွားခဲ့တာပါ။
Read Moreစီရော်နယ်လ်ဒို ဒီစာရင်းထဲမှာ ၂၀၀၃ နောက်ပိုင်းပထမဆုံးအကြိမ် မပါဝင်ခဲ့ခြင်းက ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။
Read MorePSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။
Read More" လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ကြတဲ့ရက်သတ္တပတ် "
Read More