ဗန်ဒိုက် နဲ့ လူငယ်တစ်သိုက်ယူပေးခဲ့တဲ့ လိဂ်ဖလား
--------------------------------
ချယ်လ်ဆီး ၀ - ၀ လီဗာပူးလ်
(အချိန်ပို ၀ - ၁ နဲ့ လီဗာပူးလ် နိုင်)
လီဗာပူးလ်ရဲ့ ဒီနိုင်ပွဲက ဂုဏ်ယူစရာကောင်းလွန်းပါတယ်။ အားနည်းလွန်းတဲ့ အသင်းတစ်သင်းနဲ့ဗိုလ်လုပွဲလို ပွဲမျိုးကို အနိုင်ယူခဲ့တာပါ။ ကွင်းထဲမှာ စီနီယာကစားသမားဆိုတာ လက်ချိုးရေလို့ရတဲ့အခြေအနေမျိုးမှာ အနိုင်ရခဲ့တာဖြစ်ပြီး ကစားခွင့်ရတဲ့ လူငယ်တွေကလည်း ဘာအမှားအယွင်းမှမရှိခဲ့ပါဘူး။
ဒီပွဲမှာ လီဗာပူးလ်အသင်း ကျေးဇူးတင်ရမယ် ကစားသမားတစ်ဦးရှိပါတယ်။ သူကတော့ ဂိုးသမား ကယ်လန်ဟာ ပါပဲ။ တစ်ပွဲလုံးတည်ငြိမ်တဲ့ လက်စွမ်းကိုပြခဲ့သလို ဂိုးဖြစ်သွားနိုင်တဲ့ ပယ်လ်မာ နဲ့ ဂယ်လန်ဟာ တို့ရဲ့ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ VAR ကလည်း အငြင်းပွားစရာတွေ လုပ်ခဲ့ပြီး စတာလင် ဂိုး ရော ၊ ဗန်ဒိုက် ဂိုးရော ပေးသင့်တဲ့ ဂိုးတွေဖြစ်ပါတယ်။
ဒီပွဲမှာ ချယ်လ်ဆီး ဘာလို့ရှုံးခဲ့လဲဆိုရင်တော့ ညံ့ခဲ့လို့ရှုံးခဲ့တယ်သာ ပြောရမှာပါ။ ကစားသမားအဆင့်အတန်းချင်း အသာကြီးနဲ့ ကစားရပေမယ့် အချိန်ပို နာရီဝက်မှာ ပွဲကိုအသာမယူနိုင်ခဲ့တာက ပထမတစ်ချက်ပါပဲ။ ဒုတိယအချက်ကတော့ တည်ကန်ဘောတွေမှာ ဂိုးသွင်းမယ့်သူက လီဗာပူးလ်အတွက် ဗန်ဒိုက် ပဲရှိပေမယ့် ဗန်ဒိုက် ကိုတားဆီးဖို့မလုပ်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သုံးလို့မရတဲ့ တောင်ပံတိုက်စစ်ကစားသမားတွေ ပြုံထည့်ခဲ့တာနဲ့ ဂယ်လန်ဟာ ကိုလူစားလဲခဲ့တာတွေပဲ ဖြစ်ပါတယ်။ ဂယ်လန်ဟာ မရှိတဲ့ ချယ်လ်ဆီးကွင်းလယ် က ကစားအားကျ ၊ ဖျက်အားကျသွားသလို တခြားကစားသမားတွေက တောင်ပံတွေမှာသာ ချဲထွက်နေကာ အန်ဇိုဖာနန်ဒက်ဇ် ၊ ကိုင်စီဒို တို့ (၂)ယောက်တည်း လီဗာပူးလ်ကို ခံကန်ခဲ့ရပြီး ကစားကွက်ပိုင်းအရ လီဗာပူးလ် အောက်ရောက်သွားရတာပါပဲ။
လီဗာပူးလ်အတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ အသင်းခေါင်းဆောင် ဗန်ဒိုက် က ပွဲချိန်(၁၁၈)မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
" မန်ချက်စတာ က မိုးပြာရောင် "
Read Moreအိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။
Read Moreရက်ရှ်ဖို့ဒ် ဟာ အဖျားရောဂါခံစားနေရလို့ မန်ယူအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပါတယ်။
Read Moreဂန်ဒိုဂန် ကို အလွယ်တကူ လက်လွှတ်ခဲ့တဲ့အကျိုးဆက်ကို မန်စီးတီး ခံစားနေရတယ်လို့ ပြောရမှာပါ။
Read Moreအာဆင်နယ်ချန်ပီယံဖြစ်မယ်လို့ အားလုံးထင်နေကြချိန်မှာ မော်ရင်ဟို က မဖြစ်ဘူးလို့ပြောခဲ့တာပါ။
Read More