မာဆေးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘာပေ
---------------------------------
PSG က မာဆေးလ် ကို(၄-၀)နဲ့ နိုင်ခဲ့တဲ့ လီဂူးပွဲမှာ ဘာပေ ဒဏ်ရာရသွားပါတယ်။ မာဆေးလ်ကစားသမား ဘယ်လ်လာဒီနဲ့ ထိခိုက်မိပြီး ခြေကျင်းဝတ် ဒဏ်ရာရခဲ့တယ်လို့ သံသယဖြစ်ခဲ့တာပါ။ ဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။
လက်ရှိပြင်သစ် လီဂူးမှာ PSG အသင်းဟာ အဆင့်(၃)နေရာမှာ ရပ်တည်နေပြီး အဆင့်(၁)နေရာက ဘရက်စ်အသင်းနဲ့ (၂)မှတ်သာကွာတာကြောင့် သိပ်မကြာခင်မှာ အဆင့်(၁)နေရာကို ပြန်ရောက်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဘာပေရဲ့ ဒဏ်ရာသတင်းက အသင်းအတွက် ထိုးနှက်ချက်ပါပဲ။ နယူးကာဆယ် နဲ့ ချန်ပီယံလိဂ်ပွဲအထိ ဘာပေနားရနိုင်တယ်လို့လည်း သတင်းတွေထွက်နေလို့ အခြေအနေတွေက စောင့်ကြည့်သွားရမှာပါ။
PSG အသင်းနည်းပြ အင်းနရစ်ကတော့ " ဒဏ်ရာကမပြင်းထန်ပေမယ့် နာကျင်မှုတော့ရှိပါတယ်။ လူစားလဲလိုက်တာက ပိုအဆင်ပြေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒဏ်ရာလေးပေါ့။ ဘာပေ အဆင်ပြေပါတယ် " လို့ပြောကြားခဲ့ပါတယ်။
ခြေစွမ်းမကောင်းခဲ့ပေမယ့် ရမှတ်မဆုံးရှုံးခဲ့တာက အာဆင်နယ်အတွက် အမြတ်ပါပဲ။
Read Moreဘိုင်ယန်မြူးနစ်ကိုသွားဖို့ အခွင့်အရေးရတုန်းမှာ ဒိုင်ယာ က အမိအရဖမ်းဆုပ်ခဲ့တာဖြစ်ပါတယ်။
Read Moreအိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။
Read Moreဂန်ဒိုဂန် ကို အလွယ်တကူ လက်လွှတ်ခဲ့တဲ့အကျိုးဆက်ကို မန်စီးတီး ခံစားနေရတယ်လို့ ပြောရမှာပါ။
Read Moreအသင်းဟောင်း ချယ်လ်ဆီးနဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ကိုဗာချစ် ဟာစက်တင်ဘာလတုန်းက ရခဲ့တဲ့ ပေါင်ဒဏ်ရာကို ပြန်လည်ရရှိသွားခဲ့ပါတယ်။
Read More