ရိုးမားအသင်းကို ပြောင်းရွှေ့မယ့် လူကာကူ

Published 1 year ago by Bawlonelive

ရိုးမားအသင်းကို ပြောင်းရွှေ့မယ့် လူကာကူ

------------------------------------ 

အပြောင်းအရွှေ့စျေးကွက် ပိတ်ခါနီးအထိ အနာဂတ် ဘာမှန်းမသိဖြစ်နေတဲ့ လူကာကူ ရိုးမားအသင်းကို ပြောင်းရွှေ့ပါလိမ့်မယ်။ ရိုးမားက လူကာကူ ကို တစ်ရာသီအငှားနဲ့ ခေါ်မှာဖြစ်ပြီး အပြောင်းအရွှေ့က အရာအားလုံးပြီးစီးသွားပါပြီ။ လူကာကူ ဟာ ဒီနေ့ နေ့လည်မှာ ရိုးမားကို သွားရောက်မှာဖြစ်ပြီး အငှားကြေးက ယူရို(၅)သန်းအထက်ဖြစ်ပါတယ်။ 

ဒီအပြောင်းအရွှေ့မှာ မော်ရင်ဟို က အဓိကကျခဲ့ပြီး သူ့ရဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ လူကာကူ က ရိုးမားကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

လူကာကူ ကလည်း စီးရီးအေနဲ့ အသားကျပြီးသားဖြစ်သလို မော်ရင်ဟို ရဲ့ ရိုးမားကလည်း တစ်ရာသီထက် တစ်ရာသီပိုကောင်းလာတာကြောင့် ဒီရာသီမှာ စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းဖြစ်လာမလားဆိုတာကို စောင့်ကြည့်သွားကြရပါလိမ့်မယ်။

PFA Players' Player of the year ဆုကို ရရှိခဲ့တဲ့ ဟာလန်း

ဟာလန်း ဟာ မန်စီးတီးအသင်းနဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး (၅၂)ဂိုး ထိသွင်းယူခဲ့တာပါ။

Read More
The Best ဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်

ထုံးစံအတိုင်းဆုရဖို့ ရေပန်းစားတာက မက်ဆီ ၊ ဟာလန်း နဲ့ ဒီဘရိုင်းနား တို့ဖြစ်ပါတယ်။

Read More
မန်စီးတီး အတွက် ဒီဘရိုင်းနား ပြန်လာပြီ

ဒီဘရိုင်းနား ပြန်လာတာက မန်စီးတီးအတွက် အားအင်တစ်ရပ်ပါပဲ။

Read More
ဥရောပစူပါဖလား ကို အရယူခဲ့တဲ့ မန်စီးတီး

ပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူ​ဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

Read More
ချန်ပီယံလောင်း အာဆင်နယ် ဘက်မှာ ကံတရားရှိတယ်

ခြေစွမ်းမကောင်းခဲ့ပေမယ့် ရမှတ်မဆုံးရှုံးခဲ့တာက အာဆင်နယ်အတွက် အမြတ်ပါပဲ။

Read More