ဆွန်ဟောင်မင် ရဲ့ အပိုင်အခွင့်အရေးလွဲချော်မှုက ပွဲရဲ့အဖြေဖြစ်ခဲ့တာလား (သို့) စပါးကို နိုင်ပြီး ချန်ပီယံဖြစ်ဖို့ အားကောင်းသွားတဲ့ မန်စီးတီး
------------------------------
စပါး ၀ - ၂ မန်စီးတီး
တစ်ပွဲလုံးမှာ အဓိကကျတဲ့ ပြောစရာအကြောင်းအရင်းတစ်ခုကတော့ ဆွန်ဟောင်မင် ပွဲပြီးခါနီးမှာရတဲ့ အပိုင်အခွင့်အရေးကို ဂိုးဝင်အောင်ကန်ခဲ့ပေမယ့် လွဲချော်ခဲ့တာလား။ ဒါမှမဟုတ် ပညာသားပါပါနဲ့ တမင်မဝင်အောင်ကန်ခဲ့တာလား ဆိုတာပါပဲ။ ဆွန်ဟောင်မင် ရဲ့ ဒီကန်ချက်မှာ စပါး သာ ဂိုးရသွားရင် ပွဲကအပြောင်းအလဲတွေအများကြီးဖြစ်သွားနိုင်ပြီး စပါးကို အားပေးနေတဲ့ အာဆင်နယ်ရဲ့ မျှော်လင့်ချက်တွေလည်း ပိုတောက်ပသွားနိုင်မှာပါ။ ဒီအခြေအနေက ဒီပွဲရဲ့အဓိက အနေအထားလို့သာ ပြောချင်ပါတယ်။
တစ်ပွဲလုံးခြုံကြည့်ရင် မန်စီးတီးအတွက် မလွယ်ကူခဲ့ပါဘူး။ စပါး က ကစားရခက်ခဲ့ပါတယ်။ အပြန်အလှန်အခွင့်အရေးတွေလည်း ကိုယ်စီရခဲ့ကြပြီး ဂိုးသမားတွေရဲ့ လက်စွမ်းကောင်းတွေကြောင့်သာ အခုထက်ပိုပြီး ဂိုးမများခဲ့ကြတာပါ။ ပွဲချိန် (၅၁)မိနစ်မှာ မန်စီးတီး ဂိုးစရခဲ့ပြီး ဟာလန်း သွင်းယူခဲ့တာဖြစ်သလို ဂိုးရဖို့ပိုလိုအပ်နေတဲ့အသင်းက ရခဲ့တာဖြစ်လို့ ပုံမှန်ပဲလို့သာပြောရမှာပါ။ (၀-၁)ဖြစ်နေချိန်မှာ သရေအတွက် မျှော်လင့်ချင်စရာတွေရှိခဲ့ပေမယ့် ပွဲချိန် (၉၁)မိနစ် ဟာလန်း ရဲ့ ပယ်နယ်တီသွင်းဂိုးအပြီးမှာတော့ မန်စီးတီးရဲ့ နိုင်ပွဲက ပီပြင်သွားခဲ့ပါတယ်။
ဒီပွဲကိုနိုင်ခဲ့လို့ မန်စီးတီးအသင်း ပရီးမီးယားလိဂ် (၄)နှစ်ဆက်ချန်ပီယံဖြစ်ဖို့ အားကောင်းသွားခဲ့သလို နောက်ဆုံး (၄)နှစ်ဆက်တိုက် စပါးကွင်းမှာ မနိုင်ခဲ့တဲ့ စပါးကိုလည်း ဒီတစ်ခါမှာတော့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်ကတော့ တိုက်စစ်ပိုင်းကို ဗင်နီစီယက်စ် ၊ ရိုဒရီဂို ၊ ဟိုဆေးလူ တို့နဲ့သာ ရှေ့ဆက်ပါလိမ့်မယ်။
Read Moreဒီဒဏ်ရာကြောင့် (၁)လကြာ လီဝန်ဒေါစကီး အနားယူရဖို့ရှိနေပါတယ်။
Read More" မန်ချက်စတာ က မိုးပြာရောင် "
Read Moreထွက်ပေါ်လာတဲ့ ပွဲစဥ်တွေကတော့ မယ်ဒယ်ဘရော့ နဲ့ ချယ်လ်ဆီး ၊ လီဗာပူးလ်နဲ့ ဖူလ်ဟမ် တို့ဖြစ်ကြပါတယ်။
Read MorePSG အတွက်က ဗိုလ်လုပွဲတက်လာတာ ပုံမှန်ပဲဖြစ်ပေမယ့် ရုန်းကန်နေရတဲ့ လိုင်ယွန် ဗိုလ်လုပွဲတက်လာတာကတော့ ခံစားလို့ကောင်းတာ အမှန်ပါပဲ။
Read More