ဘုန်းမောက်နဲ့ ပွဲ လွဲချော်ဖို့များနေတဲ့ ရက်ရှ်ဖို့ဒ်

Published 9 months ago by Bawlonelive

ဘုန်းမောက်နဲ့ ပွဲ လွဲချော်ဖို့များနေတဲ့ ရက်ရှ်ဖို့ဒ်

------------------------------------------ 

မန်ယူအသင်းရဲ့ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ် ဟာ ဒီနေ့ည (၉)နာရီခွဲမှာ ကစားမယ့် မန်ယူ - ဘုန်းမောက်ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ် ဟာ အဖျားရောဂါခံစားနေရလို့ မန်ယူအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပါတယ်။ 

ဒီအခြေအနေကြောင့် ဘုန်းမောက်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ် ပါ မပါဆိုတာကသံသယ ဖြစ်ဖို့ကောင်းနေတာပါ။ပါလာမယ်ဆိုရင်တော့ အရန်ခုံလောက်မှာသာရှိဖို့ကများပါတယ်။ ရက်ရှ်ဖို့ဒ် မပါနိုင်ရင်တော့ မန်ယူအသင်းရဲ့ တိုက်စစ်အင်အားက အားလျော့မှုတွေရှိနေပါလိမ့်မယ်။ 

လက်ရှိအချိန်မှာ ဂါနာချို က ဦးစားပေးဖြစ်နေတဲ့ အခြေအနေမှာ ခြေစွမ်းကြောင့် မဟုတ်ပဲတခြားအကြောင်းအရာတွေကြောင့် ပွဲမကစားရဘူးဆိုတာက ရက်ရှ်ဖို့ဒ် အတွက်ပိုလွယ်ကူပါလိမ့်မယ်။အချိန်တန်ရင်တော့ ရက်ရှ်ဖို့ဒ်အရင်လိုပုံစံနဲ့ ပြန်လာဖို့ကိုလည်းမျှော်လင့်ပါတယ်။

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၅)+(၁၆)

" မှန်းဆရခက်ခဲတဲ့ ပရီးမီးယားလိဂ် "

Read More
ခြေစွမ်းမှန်ပြန်ရလာတဲ့ ဟာဗက်ဇ်

ချယ်လ်ဆီးကနေ အာဆင်နယ် အပြောင်းမှာ အဆင်ပြေဖို့တော်တော်လေး ခက်ခဲခဲ့ပါတယ်။

Read More
နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အယ်လ်ဘာ

စပိန်အသင်းနဲ့အတူ အယ်လ်ဘာ ဟာ ယူရိုပြိုင်ပွဲ (၃)ကြိမ် ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ် ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

Read More
ကောင်းကောင်း ကစားနိုင်ရင်တောင် မနိုင်တော့တဲ့ မန်ယူ

အခုအနေအထားက မန်ယူနဲ့ ကစားတဲ့ အသင်းမှန်သမျှရလဒ်ကောင်းပါလိမ့်မယ်။

Read More
လီဗာပူးလ်နဲ့ပွဲမှာ ပါဝင်လာမယ့် ဟာလန်း

မန်စီးတီးအသင်းအတွက်လည်း သတင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Read More