လူမစုံတဲ့ စပါးကိုတောင် မနိုင်တဲ့ မန်ယူ
-----------------------------
မန်ယူ ၂ - ၂ စပါး
စပါးကိုဆို အမြဲနိုင်တဲ့ မန်ယူကနေ စပါးကိုမနိုင်တော့တဲ့ မန်ယူအဖြစ် ပြောင်းလဲသွားပြီလို့ ပြောရပါလိမ့်မယ်။ နောက်ဆုံး (၃)ပွဲဆက် စပါးကိုမနိုင်ခဲ့တာဖြစ်ပြီး လူမစုံတဲ့ စပါးကိုတောင် အနိုင်မကန်နိုင်တော့ပါဘူး။
ပွဲအစ (၃)မိနစ်မှာပဲ မန်ယူဂိုးစရပါတယ်။ ရက်ရှ်ဖို့ဒ် ထိုးဖောက်တာလိုအပ်ချက်ကနေ ဟွိုင်းလွန် ကန်ခွင့်ရပြီး ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ၊ ဂါနာချို ၊ ဟွိုင်းလွန် တို့ တိုက်စစ်အတွဲက မဆိုးပေမယ့် ကွင်းလယ်ကတော့ တော်တော်ကို ပုံစံပျက်ပါတယ်။ မိုင်နူး နဲ့ အဲရစ်ဆင် ပုံမှန်အောက်ရောက်နေသလို အီဗန်စ် ၊ ဗာရန်း အတွဲကလည်း ပုံမှန်ခြေစွမ်းရှိမနေပါဘူး။ ဘစ်ဆာကာ ကို ဘယ်ခြမ်းခံစစ်ထားတာကလည်း အလုပ်မဖြစ်ပဲ ဘောလုံးလှည့်နေတာက ကစားကွက်ကို နှောင့်နေးစေပါတယ်။
ဒီတော့လည်း စပါး ချေပဂိုးတွေလွယ်လွယ်ပြန်ရတာ ဘာမှမဆန်းဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ပွဲချိန် (၁၉)မိနစ်မှာတော့ ရစ်ချာလီဆန် က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး စပါးအတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ ပွဲချိန်မိနစ် (၄၀)မှာ မန်ယူအသင်း ဦးဆောင်ဂိုးထပ်ရပြီး ရက်ရှ်ဖို့ဒ် က သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာတော့ မန်ယူအသင်းက ပွဲကိုဦးဆောင်နေခဲ့ပါတယ်။
ဒီပွဲအတွက် စပါးဘက်မှာတော့ ချီးကျူးရမယ့် ကစားသမား (၂)ယောက်ရှိပါတယ်။ သူတို့ကတော့ ဘင်တကူ နဲ့ အူဒိုဂီ ပါ။ ဘင်တကူ ကတော့ သူတစ်ယောက်တည်းအားနဲ့ မန်ယူကွင်းလယ်တစ်ခုလုံးကို ယှဥ်သွားပြီး တော်တော်လေးကို အစွမ်းပြသွားခဲ့ပါတယ်။ အူဒိုဂီ ကတော့ ဂါနာချို ကို တော်တော်လေးထိန်းချုပ်နိင်ခဲ့ပြီး သူ့ကြောင့်သာမဟုတ်ရင် စပါးဒီပွဲ သရေရဖို့ဆိုတာမလွယ်ပါဘူး။ ဒုတိယပိုင်းအစ ပွဲချိန် (၄၆)မိနစ်မှာတော့ စပါးချေပဂိုးရခဲ့ပြီး အဲရစ်ဆင် ၊ အီဗန်စ် ၊ အိုနာနာ တို့ရဲ့ အားနည်းချက်တွေကနေ ဘင်တကူ က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ အားနည်းနေတဲ့ နေရာတွေအတွက် အဲရစ်ဆင် ၊ အီဗန်စ် အစား တွမ်မီနေး ၊ မာတီနက်ဇ် တို့ကို တန်ဟက် ထည့်ခဲ့ပေမယ့် တွမ်မီနေး က ကယ်တင်ရှင်မဖြစ်ခဲ့ပဲ ဖြုန်းတီးသူသာဖြစ်ခဲ့ပါတယ်။ ဧရိယာထိပ်ကန်ချက်တစ်ကြိမ် နဲ့ နောက်ဆုံးမိနစ်အပိုင်ခေါင်းတိုက်ချက်တွေကို တွမ်မီနေး ဖြုန်းခဲ့လို့လည်း မန်ယူအသင်းသရေပဲ ရခဲ့တာဖြစ်ပါတယ်။
မန်စီးတီးမှာ ပျောက်ဆုံးနေပြီး ရုန်းကန်နေရတဲ့ ကယ်ဗင်ဖိလစ် ကို ဂွါဒီယိုလာ လည်း မကူညီနိုင်ပါဘူး။
Read Moreရိုးမားအသင်းကလည်း အရာရာကိုပြင်ဆင်ထားတဲ့ ပုံဖြစ်ပြီးခပ်မြန်မြန်နဲ့ကို နည်းပြသစ်ခန့်လိုက် ပါတယ်။
Read Moreပြောရရင်တော့ဒိုင်ယာ ဘိုင်ယန်မြူးနစ်ကိုပဲ ရောက်တော့မလို ၊ စပါးမှာပဲ ဆက်ရှိမလို ဖြစ်နေတာပါ။
Read Moreမန်စီးတီး က သူတို့ရဲ့လူငယ်ထုတ်ကုန်တွေထဲက အကောင်းဆုံးတစ်ယောက်ကို ရောင်းချမယ့် ဆုံးဖြတ်ချက်က အံအားသင့်စရာကြီးပါ။
Read Moreဂျာမနီအတွက်အားတက်စရာဖြစ်သလို အသင်းရဲ့အရှိန်အဝါကိုလည်း အရင်ကထက် ပိုမြင့်တက်စေပါတယ်။
Read More