ချယ်လ်ဆီး - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

ချယ်လ်ဆီး - မန်စီးတီး

Super Sunday ည (၁၁:၀၀)နာရီ 

လက်ရှိအမှတ်ပေးဇယား ရပ်တည်မှု ခြားနားနေပေမယ့် ချယ်လ်ဆီးက အသင်းကြီးအချင်းချင်းပွဲတွေမှာ ရလဒ်ကောင်းတတ်တာကိုတော့ မေ့ထားလို့မရပါဘူး။ စပါးကိုလည်း ထိုက်တန်စွာနိုင်ခဲ့တယ်လို့ မြင်ပြီး ရာသီအစကထက် ပိုတည်ငြိမ်လာခဲ့ပါတယ်။ နောက်ဆုံးကစားထားတဲ့ (၇)ပွဲမှာ (၅)ပွဲနိုင် ၊ (၁)ပွဲသရေ ၊ (၁)ပွဲရှုံးထားပြီး ရှုံးထားတာက ဘရန်ဖို့ဒ် ဖြစ်နေလို့ ဒီလိုပွဲမျိုးမှာ သေချာဂရုစိုက်ရင် အရင်လိုပြန်ဖြစ်လာနိုင်ပါတယ်။ အသင်းရဲ့ ခြေစွမ်း ၊ စိတ်ဓာတ် အတက်ဘက်ကိုရောက်နေပြီး စပါးနဲ့ပွဲက ဟက်ထရစ်ရှင် ဂျက်ဆင် ကိုတော့ ဒီပွဲမှာအဓိက ထားစောင့်ကြည့်သွားရပါလိမ့်မယ်။ 

အာဆင်နယ်ကို ရှုံးအပြီးမှာတော့ မန်စီးတီးက မန်စီးတီးပြန်ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးကစားထားတဲ့ (၅)ပွဲဆက်နိုင်ထားပြီး (၄)ပွဲက ဂိုးပြတ်ရလဒ်တွေနဲ့ ဖြစ်ပါတယ်။ ဟာလန်း ဂိုးပေါက်ပြန်တွေ့လာချိန်မှာတော့ နိုင်ပွဲရဖို့က ပိုလွယ်သွားခဲ့တာပါ။ အားနည်းချက်မရှိသလောက်ဖြစ်နေပြီး အတက်ဘက်ကို ပြန်ရောက်နေပြီလို့လည်း ပြောလို့ရပါတယ်။ 

ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၆)ကြိမ်မှာ (၆)ကြိမ်လုံး မန်စီးတီးပဲ နိုင်ထားတဲ့အထိ လက်ရှိမှာ ချယ်လ်ဆီးအပေါ်အသာယူထားတာပါ။ ဒီပွဲလည်း မန်စီးတီး ပဲ နိုင်မယ်ထင်ပြီး (၀-၂)လောက် ဖြစ်နိုင်ပါတယ်။

ဗန်ဒိုက် နဲ့ လူငယ်တစ်သိုက်ယူပေးခဲ့တဲ့ လိဂ်ဖလား

အားနည်းလွန်းတဲ့ အသင်းတစ်သင်းနဲ့ဗိုလ်လုပွဲလို ပွဲမျိုးကို အနိုင်ယူခဲ့တာပါ။

Read More
El Clasico မှာ ဘယ်လင်ဂမ် ကို စောင့်ကြည့်ရမယ်

ဘယ်လင်ဂမ် ကို ကြည့်ရတာ ဇီဒန်းနဲ့ ကာကာ ပေါင်းစပ်ထားသလိုပါပဲ။

Read More
မန်ယူ - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ဒီရာသီမှာ Top 3 စာရင်းဝင်အသင်းတွေဆို လုံးဝမနိုင်သေးဘူးဆိုတဲ့ အချက်ကလည်း နည်းပြတန်ဟက်နဲ့ ကစားသမားတွေဖြေရှင်းရမယ့် ပုစ္ဆာပါပဲ။

Read More
ဖိအားတွေများနေတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာလည်း မန်စီးတီးက (၁)ပွဲပဲနိုင်ထားတာပါ။

Read More
အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့ အန်တိုနီ

မန်ယူအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားဖို့ ဖိအားတွေရှိနေပါတယ်။

Read More