တစ်လတာ အကောင်းဆုံးဆုထပ်ရတဲ့ စီရော်နယ်လ်ဒို

Published 8 months ago by Bawlonelive

တစ်လတာ အကောင်းဆုံးဆုထပ်ရတဲ့ စီရော်နယ်လ်ဒို 

---------------------------- 

ဆော်ဒီမြေအရောက်မှာစီရော်နယ်လ်ဒို ဟာ စီရော်နယ်လ်ဒို ပြန်ဖြစ်သွားခဲ့ပြီး လုပ်သမျှအကုန်ဖြစ်နေပါတယ်။ သူ့ကြည့်ရတာ ဘောလုံးကစားရတာလည်း တော်တော်လေးကိုပျော်ရွှင်နေတဲ့ပုံပါ။သူ့အတွက် အရေးကြီးတာကလည်း ဒီအရာပါပဲ။ 

ဘောလုံးကစားရတာပျော်လာတော့ ခြေစွမ်းလည်းပိုကောင်းလာခဲ့ပါတယ်။ ဒါက တိုက်ရိုက်အချိုးကျပါတယ်။ နာမည်ကျော်ကစားသမားတွေ ဆော်ဒီမြေမှာ ခက်ခဲနေကြတာမျိုးရှိပေမယ့်စီရော်နယ်လ်ဒို အတွက်တော့ အေးအေးဆေးဆေးပါပဲ။ 

စီရော်နယ်လ်ဒို ဖြစ်နေလို့လည်း ဒီလိုလွယ်ကူနေတာဖြစ်ပါတယ်။ အခုဆို စီရော်နယ်လ်ဒို ဟာ ဆော်ဒီလိဂ်ရဲ့ ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရခဲ့ပါတယ်။ ဒီဆုကို (၂၀၂၃)ခုနှစ်အတွင်း (၄)ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ရရှိခဲ့တဲ့ လတွေကတော့ ဖေဖော်ဝါရီ ၊ သြဂုတ် ၊ စက်တင်ဘာနဲ့ ဒီဇင်ဘာလတွေပဲ ဖြစ်ပါတယ်။

ကစားသမားဘဝကနေ အနားယူခဲ့ပြီ ဖြစ်တဲ့ ဘိုတန်

ဘာစီလိုနာ အသင်းမှာ ခဏတာကစားခွင့်ရခဲ့တာက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက်သွားခဲ့တယ်လို့ ပြောရမှာပါ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၆)

" စတန်းဖို့ဒ်ဘရစ်ချ် က အော်မြည်ကြေကွဲသံ "

Read More
အာဆင်နယ် - စပါး ပွဲကြိုသုံးသပ်ချက်

(၂)သင်းလုံးရဲ့ ခြေစွမ်းကလည်း ကောင်းနေလို့ မှန်းဆရခက်ခဲတဲ့ ပွဲတစ်ပွဲ အဖြစ်လည်းရှိနေပါတယ်။

Read More
အင်တာမီလန်ကို ပြောင်းမယ့် ဆွန်းမား

အသက်(၃၄)နှစ်အရွယ် ဝါရင့်ဂိုးသမား ဆွန်းမား ကို ယူရို(၆)သန်းနဲ့ ပြန်လည် ခေါ်ပါတော့မယ်။

Read More
အန်ဖီးလ်မှာ ရမှတ်ခွဲယူခဲ့တဲ့ လီဗာပူးလ် နဲ့ မန်ယူ

မန်ယူအသင်း ရှုံးကိုရှုံးမယ်လို့ ထင်ထားခဲ့ကြပေမယ့် အဝေးကွင်းမှာ နည်းဗျူဟာကျ ကစားခဲ့ပြီး ရမှတ်တစ်မှတ်အရယူနိုင်ခဲ့ပါတယ်။

Read More