နိုင်သင့်ခဲ့ပေမယ့် မနိုင်ခဲ့တဲ့ အာဆင်နယ်

Published 7 months ago by Bawlonelive

နိုင်သင့်ခဲ့ပေမယ့် မနိုင်ခဲ့တဲ့ အာဆင်နယ်

-------------------------------- 

အာဆင်နယ် ၂ - ၂ ဘိုင်ယန်မြူးနစ် 

ဒီရလဒ်က အာဆင်နယ်အတွက် စိတ်ပျက်စရာပါ။ နိုင်သင့်ခဲ့တဲ့ အနေအထားမျိုးမှာ မနိုင်ခဲ့တာဖြစ်ပါတယ်။ အခြေအနေတွေကတော့ ပြောင်းပြန်တွေဖြစ်သွားခဲ့ပါပြီ။ အာဆင်နယ် က အပေါ်အသင်းလိုကစားပြီး ဘိုင်ယန်မြူးနစ်က အောက်အသင်းလိုကစားသွားခဲ့ရတာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် နဲ့ဆို ခက်ခဲနေတုန်းဆိုတဲ့ အရာကိုတော့ အာဆင်နယ်ဆက်ထိန်းသွားတယ်လို့လည်း ပြောလို့ရပါတယ်။ 

ပွဲအစ(၁၂)မိနစ်မှာတင် ဆာကာ က အာဆင်နယ်အတွက် အဖွင့်ဂိုးစသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ခဏသာဖြစ်ပြီး ပွဲချိန်(၁၈)မိနစ်မှာ နာဘရီ က ပြန်ချေပခဲ့ပါတယ်။ ဒီပွဲမှာ ကောင်းလှပါတယ်ဆိုတဲ့ ဆလီဘာ ၊ ဂါဘရီယယ်လ် ခံစစ်အတွဲဟာ ဟယ်ရီကိန်း နဲ့ အတွေ့မှာ ရုန်းကန်ခဲ့ရပြီး ပြောနေကြသလို Perfect ခံစစ်အတွဲတစ်ခု မဟုတ်သေးဘူးဆိုတာကိုမြင်သာခဲ့ပါတယ်။ ပွဲချိန်(၃၂)မိနစ်မှာ ဟယ်ရီကိန်း ရဲ့ ပယ်နယ်တီ ဂိုးနဲ့ ဘိုင်ယန်မြူးနစ်ဂိုးဆောင်သွားချိန်မှာ ပွဲက အာဆင်နယ်အတွက် ပိုခက်သွားခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ် က ရသလောက်ပိတ်ကစားခဲ့ပြီး ဂိုးရဖို့ အာဆင်နယ် ကြိုးစားနေပေမယ့် အရေးအကြောင်းဆို ဟာဗက်ဇ် နဲ့ မာတင်နယ်လီ က သုံးမရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဒီရာသီမှာ အသင်းကိုအမြဲတမ်း ကယ်တင်နေကြ ထရော့ဆဒ် က လူစားဝင်လာပြီး အာဆင်နယ်အတွက် ချေပဂိုးကို ပွဲချိန်(၇၆)မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ 

ဒီပွဲမှာ ဘာဖြစ်လို့ အာဆင်နယ် နိုင်သင့်တယ်လို့ ပြောရတာလဲဆိုတော့ နောက်ဆုံးမိနစ်အနေအထားကြောင့်ပါ။ ဆာကာ ကို နူအာ တားဆီးပုံက လုံးဝကို ပယ်နယ်တီပါ။ ဂိုးသမားခြေထောက်ကို တိုက်ပြီးလဲကျတာလို့ မမြင်ပါဘူး။ နောက်ဆုံးမိနစ်မှာ အာဆင်နယ် ရရမယ့် ပယ်နယ်တီ မရခဲ့တာကြောင့် အာဆင်နယ် တကယ့်ကို နစ်နာခဲ့ရပါတယ်။ 

အခြားပွဲရလဒ် 

ရီးယဲလ် ၃ - ၃ မန်စီးတီး

အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျခဲ့ကြတဲ့ မန်စီးတီး နဲ့ စပါး

မန်စီးတီး နိုင်ကိုနိုင်မယ်လို့ ထင်ထားတဲ့ ပွဲမျိုးမှာ သရေကျခဲ့တာဖြစ်ပြီး ကံတရားက မန်စီးတီးဘက်မှာရှိမနေခဲ့တာလည်း ဖြစ်ပါတယ်။

Read More
ဒေါ့မွန် ပြန်မယ့် ဆန်ချို

ဆန်ချို အသင်းဟောင်းဆီပြန်ဖို့ ရာခိုင်နှုန်းတော်တော်များနေပြီလို့ ပြောရမှာပါ။

Read More
ဆော်ဒီ သွားကိုသွားမယ့် နေမာ

ထုံးစံအတိုင်း နေမာ ဆော်ဒီလိဂ်ကိုပဲသွားမှာပါ။

Read More
ဝက်စ်ဟမ်းအသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ခဲ့တဲ့ ဘိုဝင်

ဘိုဝင် ကို လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ စိတ်ဝင်စားတယ်ဖြစ်နေတုန်းမှာပဲ ဝက်စ်ဟမ်းအသင်းက ခပ်မြန်မြန်နဲ့စာချုပ်သက်တမ်းတိုးလိုက်တာပါ။

Read More
ဆော်ဒီကလပ် အယ်လ်အာလီကို ပြောင်းရွှေ့ခဲ့တဲ့ မာရက်ဇ်

မာရက်ဇ် ကို အယ်လ်အာလီအသင်းဟာ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Read More