ကစားသမားဘဝကနေ အနားယူခဲ့ပြီ ဖြစ်တဲ့ ဘိုတန်
----------------------------------------
စပါးမှာ ပရိသတ်စသိခဲ့ပြီး ပို့မောက်စ် မှာ စွမ်းဆောင်ရည်ကောင်းတွေ စပြခဲ့တဲ့ ဘိုတန် ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုဆိုရင်တော့ ဘိုတန် ဟာ အသက်(၃၆)နှစ် အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီ ဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ဘိုတန် ရဲ့ အကောင်းဆုံးအချိန်တွေကတော့ အေစီမီလန်အသင်းကစားတုန်းကဖြစ်ပြီး အီဘရာဟီမိုဗစ် ၊ ရော်ဘင်ဟို တို့နဲ့ အတွဲညီခဲ့သလို ထိပ်တန်းအဆင့်ခြေစွမ်းတွေကိုလည်းပြသနိုင်ခဲ့ကာ စီးရီးအေချန်ပီယံဆုကို လည်း ရရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အသင်းတွေတော်တော်လေး ပြောင်းခဲ့ပြီး ဘာစီလိုနာ အသင်းမှာ ခဏတာကစားခွင့်ရခဲ့တာက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက်သွားခဲ့တယ်လို့ ပြောရမှာပါ။ ကစားသမားဘဝကို ကလပ်အသင်း(၁၄)သင်းလောက်နဲ့ ကျင်လည်ခဲ့တဲ့ ဘိုတန် ဟာ ကစားသမားဘဝမှာ သွင်းဂိုး(၇၆)ဂိုး ၊ ဖန်တီးမှု (၅၆)ကြိမ် စွမ်းဆောင်နိုင်ခဲ့ပြီး ဆုဖလား (၄)လုံး ( စီးရီးအေ ၊ လာလီဂါ ၊ အီတလီစူပါဖလား ၊ ပိုကယ်လ်ဖလား) ရရှိခဲ့ပါတယ်။
စပါးအသင်း ရသွားတဲ့ အနီကတ် (၂)ကတ်က ဒီပွဲရဲ့အဖြေပါပဲ။
Read Moreဒုတိယပိုင်း မိနစ်(၇၀)မှာတော့ ဟွိုင်းလွန် ကို ဆန်းချက်ဇ် ဆွဲလှဲခဲ့လို့ မန်ယူ ပယ်နယ်တီရခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပါတယ်။ မန်ယူရဲ့ အပျော်က သိပ်မခံလ...
Read Moreဒီတော့ အပြန်အလှန် ထိုးဖောက်မှုတွေကို မြင်ခဲ့ရပြီး ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်လည်း ရှိခဲ့ပါတယ်။
Read Moreဗီနီစီယက်စ်နဲ့ ရိုဒရီဂို တို့က အဆင် သင့်ရှိနေကြတယ်။
Read Moreမန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့တဲ့ အထိ မန်ယူအသင်းဆီ အမ်မရာဘတ် က ပြောင်းရွှေ့ချင်ခဲ့တာပါ။
Read More