ဝက်စ်ဟမ်းအသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ခဲ့တဲ့ ဘိုဝင်
----------------------------------------
ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့ အဓိကတောင်ပံတိုက်စစ်ကစားသမား ဘိုဝင် ကို နှစ်ရှည်စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဘိုဝင် ကို လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ စိတ်ဝင်စားတယ်ဖြစ်နေတုန်းမှာပဲ ဝက်စ်ဟမ်းအသင်းက ခပ်မြန်မြန်နဲ့စာချုပ်သက်တမ်းတိုးလိုက်တာပါ။
ဝက်စ်ဟမ်း နဲ့ ဘိုဝင် တို့ရဲ့ကာလရှည်စာချုပ်သက်တမ်းက (၇)နှစ်ဖြစ်တာကြောင့် ဘိုဝင်(၂၀၃၀)ခုနှစ်ထိ ဝက်စ်ဟမ်းအသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ် ကတော့ ဘိုဝင် ရဲ့ စာချုပ်သစ်သတင်းဟာ သတင်းကောင်းဖြစ်ကြောင်း ၊ သူ ဒီကိုစရောက်တည်းက အံသြစရာတွေလုပ်ပြထားကြောင်း နဲ့ ဘိုဝန် ဟာ ဆက်လက်တိုးတက်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဘိုဝင် ကတော့ " ဒီမှာရှိနေရတဲ့ အချိန်တိုင်းကို ကျွန်တော် သဘောကျပါတယ်။ ပရော့ မှာယူရိုပါကွန်းဖရန့်လိဂ် ရခဲ့တဲ့အချိန်က အံသြစရာအခိုက်အတန့် ဖြစ်ခဲ့ပြီး နောက်ဆုံးမိနစ်မှာအနိုင်ဂိုးသွင်းရတာက ကျွန်တော် ထာဝရမြတ်နိုးရမယ့် အရာပါ " လို့ပြောကြားသွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဥ်(၃)အရောက်မှာ နိုင်ပွဲစရခဲ့တာပါ။
Read Moreချယ်လ်ဆီး က လီဗာပူးလ်ကို (၄-၁)နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိချယ်လ်ဆီး အနေအထားအရ ဒါကိုလက်ခံပေးနိုင်ပါတယ်။
Read Moreဒီဒဏ်ရာကို ပါရီဆစ် ဟာလေ့ကျင့်ရေးကွင်းမှာ ရခဲ့တာဖြစ်ပြီး ညာဘက်ဒူးမှာဖြစ်ခဲ့တာဖြစ်သလို ခွဲစိတ်ကုသမှု ခံယူသွားမှာလည်းဖြစ်ပါတယ်။
Read Moreအခုအနေအထားက မန်ယူနဲ့ ကစားတဲ့ အသင်းမှန်သမျှရလဒ်ကောင်းပါလိမ့်မယ်။
Read Moreကစားသမားဘဝအတွက်လည်း နောက်တစ်ဆင့်ကိုလှမ်းရမယ့် အချိန်ဖြစ်နေပါပြီ။
Read More