ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁)

Published 1 year ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁)

" စတန်းဖို့ဒ်ဘရစ်ချ် က အန်ဇိုဖာနန်ဒက်ဇ် ခြေရာများ " 

ဂွါဒီယိုလာ နဲ့ စဖွင့်မယ်။ အသင်းရဲ့ဟန်ပန်ဟာ သူ့အတွက် အသက်ပဲ။ ဒါကိုနားလည်မှုပေးတယ်။ ဒီလိုဆို ဘာလို့ခဏလေးတောင် ကင်မရာနောက်ကွယ်ထိမစောင့်နိုင်ရတာလဲ။ ဟာလန်း ကို သူကြိုက်သလိုပြော ၊ ကြိုက်သလိုဆူနိုင်တယ်။ဒါကို လူမမြင်ဘူးဆို ပိုမကောင်းဘူးလား။အသင်းအတွက် (၂)ဂိုးသွင်းထားတဲ့ တိုက်စစ်မှုးကို ပထမပိုင်းပြီးတာနဲ့ ကွင်းထဲတန်းဝင်ပြီးပြောတာက စိတ်ခံစားမှုနောက်ပါလွန်းတယ်။ကြီးကျယ်နေရင်တောင်သေးငယ်သွားအောင် ကိုင်တွယ်ဖို့က မန်နေဂျာတစ်ယောက်ရဲ့တာဝန်ပဲ။ ထိရှလွယ်တာတွေကိုရှောင်ရှားစေချင်တယ်။ 

အာဆင်နယ် ဆိုမယုံဘူးဆိုတဲ့ ကာလာတွေကိုဖယ်ချလိုက်တော့။ ပြီးရင် သူတို့ပြန်လာပြီဆိုတာကို တင်သွင်းကြ။ ဒါဟာ အွန်နရီ တို့ခေတ်နောက်ပိုင်း အာဆင်နယ်ကို ပေးတဲ့ အမြင့်ဆုံး ယုံကြည်မှုပဲ။ တန်းတစ်ခုမြင့်သွားတဲ့ အသင်းကိုကြိုဆိုတယ်။ အာဆင်နယ် ဆိုတာနဲ့ နိုင်ပါတယ်ခံစားနေရပြီ။ (၂-၁)ဆိုတဲ့ ရလဒ်က နိုင်ပွဲပုံရိပ်ကို ဖျော့တော့ မသွားစေပါဘူး။ ရေရှည်ကိုပဲ ကြည့်ကြရအောင်လား။ ကံကြမ္မာသာ မျက်နှာသာပေးရင်သူတို့ မနှစ်ကထက် ဖြစ်ထွန်းနိုင်တယ်။ 

နယူးကာဆယ် (၅-၁)ဗီလာ တဲ့။ ဘယ်နှယ့်များပါလိမ့်လို့ ရေရွတ်မိတယ်။ ငှက်ကျားတွေဟာ တစ်ရာသီစာမဟုတ်ဘူးဆိုတာ ပိုအရောင်တင်လိုက်သလိုပဲ။ ဒီထက်တော့မဖြစ်နိုင်ပါဘူးဆိုပေမယ့် Top 4 လမ်းကြောင်းက သူတို့ကြောင့် ပိုရှုပ်လာမယ့် လက္ခဏာ။ 

အန်ဇိုဖာနန်ဒက်ဇ် အစစ်အမှန်ကိုတွေ့ခဲ့ပြီလို့ပြောရင်လွန်မလား။ ဘေးလူတွေရံပေးတယ်ဆိုပေမယ့် သူ့အားတစ်ခုတည်းနဲ့ လီဗာပူးလ်ကွင်းလယ်ကိုအသာယူသွားတာ။ မင်းလေးက မှော်ဆရာလေးလားကွာဆိုပြီး ဝိုင်းဝန်းချီးကျူးကြတာပေါ့။ ဒီပွဲက(၂)သင်းလုံး ကိုင်စီဒို ကို ဘာလို့လိုချင်လဲဆိုတဲ့အဖြေတစ်ခုဖြစ်ခဲ့တယ်။ ဂတ်ပို ကို ကွင်းလယ်လိုလို ၊ တိုက်စစ်လိုလို လုပ်နေတာကို ကလော့ ရေရပ်ပါတော့လို့ ပြောလိုက်ချင်တယ်။ ရှိတာနဲ့ လှအောင်လုပ်ပေါ့။ အခုတောင် ကစားသမားက သူ့ကိုယ်သူဘာမှန်းမသိဝေဝါးနေရပြီ။ 

မေဆန်မောင့် ပိုအဆင်ပြေလာတယ်။ ဂါနာချို လိုသေးတယ်။ ကွင်းလယ်လူ ခေါ်ပါဆိုတဲ့ အသံတွေညံနေပြီ။အဲရစ်ဆင် ဝင်လာမှကွင်းလယ်ငြိမ်ပြီး အနိုင်ဂိုးရသွားတာ တိုက်ဆိုင်မှုတော့မဟုတ်ခဲ့။ အဓိကကျေးဇူးရှင်က အိုနာနာပေါ့။ သူဟာဘာလဲဆိုတာကို ပြသခဲ့တယ်။ အိုနာနာ ကြောင့် (၁၉)သင်းဖန်တွေရဲ့စောင့်ကြည့်မှုကနေ မန်ယူ လွတ်မြောက်ခဲ့တယ် ...

လီဗာပူးလ်ကို အကောင်းဆုံးကစားပြီး အနိုင်ယူခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် ၃ - ၁ လီဗာပူးလ် အာဆင်နယ် ဒီပွဲဘာလို့နိုင်လဲဆိုပြီး မေးခွန်းထုတ်ရင် စိတ်ဓာတ်ကြောင့်ပဲလို့ ဖြေချင်ပါတယ်။ ။

Read More
ဆော်ဒီကို ငြင်းတဲ့ ဖာနန်ဒက်စ်

ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ဖာနန်ဒက်စ် ကို ဆော်ဒီဘက်ကနေ ကြီးမားတဲ့ ကမ်းလှမ်း မှုတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

Read More
ကင်ဗင်ဖီလစ် အနာဂတ် အဖြေပေါ်တော့မယ်

ဒီ ဇန်နဝါရီမှာ မဖြစ်မနေကို အဖြေထွက်ရမယ့်အနာဂတ်တစ်ခုရှိနေပါတယ်။

Read More
စပါး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

(၂)သင်းလုံး ပွဲစဥ်(၆)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိကြသေးပါဘူး။

Read More
ဘိုင်ယန်မြူးနစ် - မန်ယူ ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် အိမ်ကွင်းလည်း ဖြစ်နေတော့ ဘိုင်ယန်မြူးနစ် အနိုင်သေချာတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။

Read More