အိမ်ကွင်းမှာ ဗီလာ ကို ရှုံးပြီး ချန်ပီယံအိပ်မက်ဝေဝါးသွားခဲ့ရတဲ့ အာဆင်နယ်

Published 9 months ago by Bawlonelive

အိမ်ကွင်းမှာ ဗီလာ ကို ရှုံးပြီး ချန်ပီယံအိပ်မက်ဝေဝါးသွားခဲ့ရတဲ့ အာဆင်နယ်

-------------------------------- 

အာဆင်နယ် (၀-၂) ဗီလာ 

ဘောလုံးက ရိုးရှင်းပါတယ်။ မင်းဂိုးမသွင်းရင်တော့ ငါဂိုးသွင်းတော့မယ် ဆိုတာမျိုးပါပဲ။ ဒီပွဲမှာ အာဆင်နယ် ခံလိုက်ရတာလည်း ဒီအနေအထားနဲ့ပါ။ကိုယ်တိုင်ဂိုးရဖို့ ခက်နေတော့လည်း ပြိုင်ဘက်ရဲ့ ဂိုးတွေကို ခွင့်ပြုပေးခဲ့ရပါတော့တယ်။ အူနိုင်းအမ်မရီ ကတော့ အမ်မရိတ်စ် မှာ ပွဲတစ်ပွဲကို အနိုင်ရအောင် ဘယ်လိုကစားရမလဲဆိုတာ တစ်ကွက်ပြသွားခဲ့တာဖြစ်ပါတယ်။ 

ဗီလာ ရဲ့ ဒီပွဲကစားပုံ ၊ ချဥ်းကပ်ပုံတွေက အဆင်ပြေခဲ့ပါတယ်။ ပထမဆုံး ခံစစ်ကို ကျစ်လစ်အောင်လုပ်မယ်။ ပြီးရင် ကစားပုံတည်ဆောက်မယ်။ ဒီကမှတစ်ဆင့် ဂိုးရဖို့ကြိုးစားခဲ့တာပါ။ အာဆင်နယ်ကတော့ ပွဲကိုစီးတယ်။ အခွင့်အရေးတချို့လည်း ရပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ဂိုးဧရိယာထဲရောက်တဲ့အချိန်မှာတော့ လွဲချော်မှုတွေချည်းပါပဲ။ ဘောလုံးရလို့ ဟာဗက်ဇ် ပြေးထွက်သွားတဲ့ အလုံးတွေမှာလည်း လျင်မြန်မှုမရှိပဲ လေးကန်လွန်းနေပြီး သူကို ဗီလာခံစစ်က တားဆီးဖို့မခက်ခဲခဲ့ပါဘူး။ ပထမပိုင်းမှာတော့ ဝက်ကင်းစ် ရဲ့ ကန်ချက်တိုင်ထိထွက်တာနဲ့ ထရော့ဆဒ် ရဲ့ အပိုင်ပိတ်သွင်းချက် မာတီနက်ဇ် ကာကွယ်နိုင်ခဲ့တာတွေက ရင်ခုန်စရာတွေဖြစ်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း အာဆင်နယ် က ဘာမှပြောင်းလဲသွားခဲ့ခြင်းမရှိပါဘူး။ အာဆင်နယ် ရဲ့ ပုံစံက အချိန်တန်ရင် ဂိုးရမှာပဲဆိုပြီး လိုက်မျောနေတဲ့ပုံဖြစ်နေပါတယ်။ ဗီလာကွင်းလယ်လူ တိုင်လေမန်းစ် ရဲ့ကန်ချက်တစ်ကြိမ် ဘားတန်းထိခဲ့ပြီး လူစားဝင်တိုက်စစ်မှုး ဘိုင်လီ က ပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ပွဲချိန် (၈၄)မိနစ်မှာ ဗီလာအသင်းအတွက် သူ ဦးဆောင်ဂိုးစသွင်းပေးခဲ့ပြီး ဒီဂိုးမှာ အာဆင်နယ် ခံစစ်က လူကပ်ပုံ လိုအပ်ချက်များလွန်းခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန်(၈၇)မိနစ်မှာ ဗီလာ ဒုတိယဂိုးရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ တိုင်လေမန်းစ် အကွက်မြင်မြင်ခင်းပေးလိုက်တဲ့ ဘောလုံးကို ဝက်ကင်းစ် က တောက်လျှောက်ဆွဲယူကာ သွင်းဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ် က လီဗာပူးလ်ရဲ့ ရှုံးနိမ့်မှုကို အခွင့်အရေးမယူနိုင်ခဲ့သလို သူတို့ရဲ့ထုံးစံအတိုင်း အရေးကြီးနေချိန်မှာ ထထဖောက်တဲ့ အကျင့်ကိုလည်း မပြင်နိုင်သေးပါဘူး။ ဒီရှုံးပွဲကြောင့် အာဆင်နယ် ရဲ့ ချန်ပီယံအိပ်မက်ဝေဝါးသွားခဲ့ရပါပြီ။ ဘာလို့လဲဆိုတော့ လက်ကျန်ပွဲတွေမှာ ချယ်လ်ဆီး ၊ စပါး ၊ မန်ယူတို့နဲ့ ကစားဖို့ကျန်သေးလို့ပဲ ဖြစ်ပါတယ်။

စပါး - မန်ယူ ပွဲကြိုသုံးသပ်ချက်

ဟယ်ရီကိန်း မရှိတော့တဲ့ စပါးအသင်းက အရင်လိုမဟုတ်တော့တာ အမှန်ပါ။

Read More
မာဆေးလ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘာပေ

ဒဏ်ရာကြောင့် ဘာပေ ကိုပွဲချိန် (၃၂)မိနစ်မှာပဲ ရာမို့စ် နဲ့ လူစားလဲခဲ့ရပါတယ်။

Read More
စပါး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

(၂)သင်းလုံး ပွဲစဥ်(၆)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိကြသေးပါဘူး။

Read More
အာဆင်နယ် - မန်ယူ ပွဲကြိုသုံးသပ်ချက်

လက်ရှိ ဒီ (၂)သင်းရဲ့ ခြေစွမ်းမှာတော့ အာဆင်နယ်က မန်ယူထက် အနည်းငယ်ပိုသာပါတယ်။

Read More
ရီးယဲလ်အတွက် ပြန်လာကြတော့မယ် အဓိကကစားသမား (၂)ဦး

သူတို့ကတော့ ဂိုးသမား ကော်တိုအာနဲ့ နောက်ခံလူ မီလီတာအို တို့ပါ။

Read More