အန်းဒရစ် ရခဲ့တဲ့ မှတ်တမ်းကောင်း
-------------------------------
ဘရာဇီးလ် က အင်္ဂလန်ကို (၀-၁)နဲ့ နိုင်တဲ့ပွဲမှာ ရီးယဲလ်ကိုရောက်တော့မယ့် လူငယ်ကြယ်ပွင့် အန်းဒရစ် က မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အန်းဒရစ် က ဘရာဇီးလ်အတွက် လူစားဝင်လာပြီး မိနစ်(၈၀)မှာ အနိုင်ဂိုးကိုသွင်းပေးခဲ့တာပါ။
ဒီဂိုးက အန်းဒရစ် ရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်တိတိကျကျပြောရရင်တော့ အသင်းအတွက် (၃)ပွဲမြောက်မှာ အန်းဒရစ် က ဂိုးစသွင်းနိုင်ခဲ့တာပါ။
ဒီဂိုးကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် အသက်အငယ်ဆုံးဂိုးသွင်းသူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ အန်းဒရစ် က အင်္ဂလန်ဘက်ကို(၁၇)နှစ် (၂၄၆)ရက်နဲ့ဂိုးသွင်းခဲ့တာပါ။
သူရှေ့မှာရှိနေတဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူတွေက ပီလီ ၊ အီဒူး ၊ ရော်နယ်လ်ဒို တို့ဖြစ်လို့ ဂန္ထဝင်တွေနဲ့အတူမှတ်တမ်းတစ်ခုရဲ့ နေရာတစ်ခုမှာ ရှိသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ခံစစ်ကနေ တောက်လျှောက် တိုက်စစ်ထိ ဗန်ဒီဗန် ရဲ့ဆွဲထွက်မှုကို ခွင့်ပြုခဲ့ရပြီး သူ့ရဲ့ဖန်တီးမှုကနေ ဂျွန်ဆင် က ပွဲအစ (၃)မိနစ်မှာတင် စပါးကို ဦးဆောင်စေခဲ့ပါ...
Read Moreမန်စီးတီး နိုင်ကိုနိုင်မယ်လို့ ထင်ထားတဲ့ ပွဲမျိုးမှာ သရေကျခဲ့တာဖြစ်ပြီး ကံတရားက မန်စီးတီးဘက်မှာရှိမနေခဲ့တာလည်း ဖြစ်ပါတယ်။
Read Moreဒီပွဲရဲ့ ရလဒ်ပိုင်းကတော့ ခန့်မှန်းရခက်ပါတယ်။
Read Moreမန်စီးတီးအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဥရောပစူပါဖလားကို ပိုင်ဆိုင်ဖို့ အခွင့်အရေးက လက်တကမ်းအကွာကို ရောက်နေပါပြီ။
Read Moreယူရိုနဲ့ပတ်သက်ရင် လိုအပ်ချက်ကြီးနေတုန်းလို့သာ ပြောရမှာပါ။
Read More