ရှုံးပွဲစတွေ့ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်
--------------------------------------------
နယူးကာဆယ် ၁ - ၀ အာဆင်နယ်
ဒီပွဲက ဘောလုံးပွဲနဲ့ WWE မှားနေသလိုပါပဲ။ ပွဲက ရှယ်ကြမ်းတာပါ။ အဓိက က Power Game ကစားခဲ့သလို ဖြစ်ခဲ့တာကြောင့် ကြံခိုင်မှုပိုကောင်းပြီး မာမာကျောကျောပိုရှိတဲ့ နယူးကာဆယ် က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်မှာ ဟာဗက်ဇ် ၊ ဂျော်ဂျင်ဟို တို့ကွင်းလယ်မှာအတူပွဲထွက်လာတော့ မာကျောတဲ့ နယူးကာဆယ်ကွင်းလယ်ကို အသာယူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အိုဒီဂတ် မပါတဲ့ ကွင်းလယ်ဟာ ဖန်တီးမှု အားနည်းလွန်းခဲ့သလို ဒီကလန်ရိုက်စ် တစ်ယောက်တည်း အားနဲ့ နယူးကာဆယ် ကွင်းလယ်တန်းတစ်ခုလုံးကို ယှဥ်ကန်ခဲ့ရသလိုဖြစ်ခဲ့တာပါ။
ဒီတော့ ကွင်းလယ်က အပေါက်ကြီးဖြစ်နေပြီး အယ်မီရွန် နဲ့ ထရစ်ပီယာ တို့ နယူးကာဆယ် ညာခြမ်းအတွဲ အခွင့်အရေးမယူနိုင်ခဲ့လို့သာ အာဆင်နယ် သက်သာခဲ့ရတာပါ။ နယူးကာဆယ် ရဲ့ ကြမ်းကြမ်းတမ်းတမ်းကစားပုံအောက်မှာ ကစားပုံနည်းနည်းပျော့တဲ့ မာတင်နယ်လီ ၊ ဆာကာ ၊ အန်ကီတီယာ တို့လည်း ဘာမှမလုပ်နိုင်ခဲ့ကြတာကြောင့် အာဆင်နယ် တိုက်စစ်ကလည်း အားနည်းချက်တွေများခဲ့ပါတယ်။ ဂါဘရီယယ်လ် ၊ ဆလီဘာ ခံစစ်အတွဲကြောင့်သာ အာဆင်နယ် က နယူးကာဆယ်ကို ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။
နယူးကာဆယ်အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၆၄)မိနစ်မှာ ဂေါ်ဒွန် က သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးဟာ အငြင်းပွားစရာမှာတော့ရှိခဲ့ပါတယ်။ ဂိုးလွန်ဘောဖြစ်နိုင်တဲ့ အနေအထား ၊ ပြစ်ဒဏ်ဘော ဖြစ်နိုင်တဲ့ အနေအထား ၊ လူကျွံဘော ဖြစ်နိုင်တဲ့ အနေအထားတွေရှိခဲ့ပေမယ့် VAR ကတော့ အကြိမ်ကြိမ်ကြည့်ပြီး ဂိုးပေးခဲ့တာပါ။ အာဆင်နယ် ကတော့ ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံမှာလည်း (၂)ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
လိုင်ယွန်အသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေကြောင့်နည်းပြဘလန့် ကို ရာထူးကနေထုတ်ပယ်အပြီးမှာ လမ်းပတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုနေခဲ့တာပါ။
Read Moreရွန်နီ ဟာ သူ့ရဲ့အရည်အချင်းပိုကိုပြသပြီး နည်းပြဘဝနောက်တစ်ဆင့်ကိုတက်ဖို့ အင်္ဂလန်ကို ပြန်ရောက်လာခဲ့ပေမယ့် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
Read Moreပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲတွေ ရလဒ်ဆိုးနေတာကို ချန်ပီယံလိဂ် အိမ်ကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြရပါလိမ့်မယ်။
Read Moreအခုတစ်ကြိမ်မှာတော့ ဘယ်သူရမလဲဆိုတဲ့ ရေပန်းစားမှုသိပ်မရှိပဲ ဒီဘရိုင်းနား ဟာလန်း အတွဲနဲ့ မက်ဆီ က အပြိုင်ဆိုသလို ဖြစ်နေပါတယ်။
Read Moreဂိုးတွေလည်းမြိုင်ခဲ့လို့ ကြည့်ကောင်းခဲ့ပါတယ်။
Read More