မန်ချက်စတာဒါဘီ က ပျင်းစရာကောင်းသွားပြီ

Published 1 year ago by Bawlonelive

မန်ချက်စတာဒါဘီ က ပျင်းစရာကောင်းသွားပြီ

-------------------------------- 

မန်ယူ ၀ - ၃ မန်စီးတီး 

အရာရာအားလုံးပြီးဆုံးသွားပြီပဲ ပြောရမလား။ ဒီ (၂)သင်းကြား တော်တော်ကွာသွားပြီ။ မန်ချက်စတာဒါဘီ က ပျင်းစရာကောင်းသွားပြီ။ မန်စီးတီး ခြေနည်းနည်းကျနေချိန်မှာတောင် အိမ်ကွင်းမှာ မန်ယူက ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ဘူး။ 

ပွဲအစပိုင်း မိနစ်တွေလောက်သာ မန်ယူက ဟုတ်မလိုရှိခဲ့တာပါ။ အခွင့်အရေးတချို့ ရပေမယ့်လည်း တွမ်မီနေး လူပေးတာတွေက ထိထိရောက်ရောက်မရှိခဲ့ပါဘူး။ နောက်ပိုင်းမိနစ်တွေကတော့ မန်စီးတီး လုပ်ချင်သလို လုပ်နေခဲ့တာပါပဲ။ ဂယ်ရီလစ်ချ် လည်း ဒါလော့ ကို လုပ်ချင်သလို လုပ်ခဲ့ပြီး ကြားထဲကနေ ဘာနာဒိုဆေးဗားလ် ဖြတ်ဖြတ်ထွက်တဲ့ ဖော်မြူလာကွက်ကို သိသိကြီးနဲ့ မတားနိုင်ခဲ့ပါဘူး။ 

မန်စီးတီး ရသွားတဲ့ ပယ်နယ်တီကတော့ ပေးချင်လို့ကိုပေးတာမျိုးဖြစ်ပြီး မန်စီးတီး ကံကောင်းခဲ့တယ်ပဲ ပြောချင်ပါတယ်။ ပွဲရဲ့ အဖြေကို တကယ်အပြောင်းအလဲလုပ်ခဲ့တာက တန်ဟက် ဖြစ်ပြီး အမ်မရာဘတ် ကိုလဲခဲ့တာပါပဲ။ ဘာအတွေးမှန်းတောင် စဥ်းစားလို့မရပါဘူး။ မက်ဂွိုင်းယား အီဗန်စ် အတွဲရှေ့မှာ တွမ်မီနေး အဲရစ်ဆင် ကို ကစားခိုင်းလိုက်တဲ့ ဦးနှောက်ကိုတော့ အမေးဇင်းပါပဲ။ ဒီတော့ ရှုံးပွဲတစ်ပွဲဆီ ဦးတည်ခဲ့ကြပါတယ်။ 

မန်စီးတီးအတွက် လွယ်လွန်းတဲ့ ပွဲ ဖြစ်ပြီး အိုနာနာ ကြောင့်သာ သူတို့ အနည်းဆုံး (၅)ဂိုးလောက်မရသွားခဲ့တာပါ။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ ဟာလန်း က (၂၆)မိနစ် နဲ့ (၄၉)မိနစ် ၊ ဖိုဒန် က မိနစ် (၈၀)မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂျာမနီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဟန်ဆီဖီလစ်

လက်ရှိမှာတော့ ဂျာမနီအသင်းနည်းပြရာထူးအတွက် နာမည်ကျော်လူငယ်နည်းပြ နာဂယ်စ်မန်း က ရေပန်းစားနေပါတယ်။

Read More
ပရီးမီးယားလိဂ် နိုင်ပွဲစရတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဥ်(၃)အရောက်မှာ နိုင်ပွဲစရခဲ့တာပါ။

Read More
မေဆန်မောင့် နားရမယ်

ရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။

Read More
(၃)လထိ နားရဖို့ရှိနေတဲ့ မာတီနက်ဇ်

မာတီနက်ဇ် ဟာ သူ့ရဲ့ခြေထောက် ဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။

Read More
အာဆင်နယ် ကွာတားဖိုင်နယ်တက်ပြီ

ဒီပွဲက အာဆင်နယ် ကောင်းသလို ပေါ်တို လည်းကောင်းခဲ့ပါတယ်။

Read More